#LocalNews
Published - 14 May 2022

 

ချေးငွေကုမ္ပဏီမှ ငွေလာသိမ်းသူဝန်ထမ်းကိုသတ်ပြီး လူသတ်အလောင်းဖျောက်ကာ ငွေနှင့်ဆိုင်ကယ်အား ယူငင်ထွက်ပြေးမှု ဘီလင်းမြို့နယ်တွင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ မေလ ၁၃ ရက်နေ့က ဘီးလင်းမြို့နယ်၊ခဲမောက်ကျေးရွာတွင် လူသတ်ပြီးအလောင်း မြေမြုပ်ထားမှုဖြစ်စဥ်မှ သေဆုံးသူအား သက်ဆိုင်ရာဒေသရဲတပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းတွေက ပြန်လည်တူးဖော်ခဲ့ရတာပါ။

 

"သူက ချေးငွေကုမ္ပဏီကဝန်ထမ်းပေါ့။ငွေလာသိမ်းရင်းနဲ့ အခုလိုဖြစ်တာ။ ငွေရစရာရှိလို့ ငွေလာသိမ်းတာကို သတ်တယ် သူ့မှာပါတဲ့ ငွေတွေရောပစ္စည်းတွေရော ဆိုင်ကယ်တွေရော ယူပြီးထွက် ပြေးသွားတာပေါ့။ သူတို့က အလောင်းကိုတော့ သူတို့ ခြံဝန်းထဲမှာဘဲမြုပ်ခဲ့တယ်။ ပြီးတော့ သူတို့ကပဲ လူသတ်အလောင်းမြုပ်ခဲ့ပါတယ်ဆိုတာကို ရဲကိုသတင်းပေးခဲ့တယ်။ အဲ့ဒီနောက်မှာ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူ အလောင်းကိုသွားဖော်ရတာပါ။ ပစ္စည်းယူ လူသတ်အလောင်းဖျောက်တဲ့ လင်မယားနှစ်ယောက်လုံးကတော့ ထွက်ပြေးသွားပါတယ်။"လို့ ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ တာဝန်ရှိသူ တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

ပြန်လည်တူးဖော်ရရှိခဲ့တဲ့ အလောင်းကိုလည်း ဒေသခံလူမှုကူညီရေးပရဟိတအဖွဲ့က ကားဖြင့် ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ရင်ခွဲရုံမှတစ်ဆင့် သထုံမြို့နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာတော့ လူသတ်အလောင်းဖျောက်ခဲ့တဲ့ လင်မယားနှစ်ယောက်ဟာ ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်

 

ymg/kg
#Yangon_Media_Group