#LocalNews
Published - 13 May 2022

 

၂၀၂၂ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ(၁)နာရီကျော်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (‌ကချင် ပြည်နယ်၊ မိုးကောင်းမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၁)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရပါသည်၊၊

 

ymg/tthl
#Yangon_Media_Group