#LocalNews
Published - 26 March 2022

 

ယာဥ်တိမ်း မှောက်မှု ကြောင့် လူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဆွာမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ ဒီကနေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းအချိန်က သာဂရ၊
ကိုးပင်ရိုးမဖြတ်လမ်း (၁၀)မိုင်အဆင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

"ဖောကားမှောက်ပြီး DB ၂ ဦးဖြစ်ပြီး ၃ ဦးကျိုးပဲ့ ဒါဏ်ရာရခဲ့ပါတယ်။" လို့ ဆွာ (MR AMBULANCE)က သတင်းထုတ်ပြန်ခဲ့တာပါ။

 

ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးကိုလည်း ဆွာဆေးရုံမှနေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ လွဲပြောင်းကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရပါတယ်။

 

Photo - ဆွာ (MR AMBULANCE)

 

ymg/kg
#Yangon_Media_Group