#LocalNews
Published_17 March 2022

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဇိုင်ချောင်းကျေးရွာတွင် ယနေ့ မတ်လ ၁၇ ရက် နံနက်က ဒေသခံတစ်ဦး ကွန်ပစ်၍ငါးရှာစဉ် ကွန်ဖြင့်ငြိ၍ ရှေးဟောင်းစတူပါတစ်ဆူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါရှေးဟောင်းစတူပါမှာ ကျောက်သားဖြင့်ထွင်းထုထားခြင်းဖြစ်ပြီး ဝေသာလီခေတ်ကဟု ယူဆရကြောင်းနှင့် အရှည် ၃ ပေကျော်ရှိကြောင်း ဒသခံများပြောကြားချက်သတင်းများအရ သိရသည်။

 

စတူပါဟူဆိုသည်မှာ ဝေသာလီခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ကျောက်စေတီငယ်တစ်မျိုးဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်သမိုင်းရာဇဝင်များတွင် ဖော်ပြထားသည်။

 

ကျေးရွာဒေသခံ ကိုဦးမင်းစိုးက အဆိုပါရှေးဟောင်းစတူပါကို ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားကာ ယခုအခါလက်ရှိတွင် ဇိုင်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

 

ymg/mt
Photo-KoOoMinSoe
#Yangon_Media_Group