#LocalNews
Published - 14 March 2022

 

လူကြီးများမရှိစဥ် နေအိမ်ရှိ ကလေးငယ်များက ထမင်းပေါင်းအိုးတည်ရာမှ အဆိုပါနေအိမ်၏ နောက်ဖေးဆောင်မီးလောင်ခဲ့သည့် ဖြစ်စဥ်တစ်ခု မော်လမြိုင်မြို့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုဟာ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို၊ဇေယျာ - ၁ ရပ်ကွက်၊ (၅)လမ်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

"နေအိမ်မှာ ကလေးတွေပဲရှိစဉ် ထမင်းပေါင်းအိုးတည်ရင်းမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်တယ်လို့ ကနဦးသိရပါတယ်။ မိဘတွေက အဝေးတနယ်မှာ စျေးရောင်းစားရသူများလို့ သိရပါတယ်။ လူကြီးများမရှိစဉ် ဖြစ်ပွားခြင်းဖြစ်ပြီး နေအိမ်နောက်ဖေးဆောင် မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။"လို့ အဆိုပါ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မော်လမြိုင်မြို့ဒေသခံတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

 

ယင်းမီးလောင်မှုကို ဒေသခံမီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်သူ/ရပ်ကွက်သားများက ပူးပေါင်းငြိမ်းသတ်ခဲ့မှု ကြောင့် အချိန်တိုအတွင်း မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group