#LocalNews
Published_12 March 2022

 

ယနေ့ မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်ထိ တစ်ပတ်အတွင်း ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းသစ်မှ ဓာတ်ငွေ့ချိတ်ဆက်ရယူရေးလုပ်ငန်းလုပ်နေစဉ် လက်ရှိထက်လျှပ်စစ်မီးပြတ်တောက်မှု ပိုလာနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသောကြောင့် ယင်းကာလအတွင်းဆက်သွယ်ရေးအခက်အခဲရှိနိုင်ဟု တယ်လီနောမြန်မာက သုံးစွဲသူများထံ အကြောင်းကြားသည်။

 

"၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း အချို့နေရာများတွင် လျှပ်စစ်မီးလျော့နည်းသွားမည်ဖြစ်ရာ တယ်လီနောမြန်မာအနေဖြင့်လည်း ဤကာလအတွင်း ဆက်သွယ်ရေးကိစ္စယာယီပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်၍ ယင်းအဆင်မပြေမှုအတွက် တောင်းပန်အပ်ပါသည်"ဟု တယ်လီနော၏ စာတိုတွင် ထည့်သွင်းရေးသားထားသည်။

 

မိမိတို့အနေဖြင့် လျှပ်စစ်မီးပြတ်တောက်မည့် ဆိုးကျိုးသက်ရောက်မှုများကို အတတ်နိုင်ဆုံး လျှော့ချလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားသေးသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသောတွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို ရယူသုံးစွဲရန် လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်ရန် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သောကြောင့် လျှပ်စစ်ဖြန့်ဝေမှု ၃၃၄ မဂ္ဂါဝပ်ခန့် လျော့ကျမည်ဖြစ်ရာ လက်ရှိ လျှပ်စစ်ဓာတ်အားရရှိချိန်ထက် ထပ်မံနည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group