#LocalNews
Published -12 Mar 2022

 

ရခိုင်ပြည်နယ်အမ်းမြိုနယ်တွင် ယာဉ်အောက်ဘက်ကုန်ပစ္စည်းများထားသိုသည့်အခန်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက် သယ်ဆောင်လာသည့် ဘင်္ဂါလီ ၄ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ အမ်းမြိုနယ်ရဲတပ်ဖွဲ့မှ သိရပါတယ်။

 

အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်/အထွက်များအား စစ်ဆေးနေစဉ် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသော ကျောက်တော်မြို့နယ်၊ ရွာမကျေးရွာနေ ဦးထွန်းထွန်းကျော်(ဘ)ဦးလှကျော်ဇော၊ အသက် ၄၁ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ မောင်းနှင်လာပြီး ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာ ထွန်းထွန်းဦး(ဘ) ဦးဘတင်၊ အသက် ၃၇ နှစ်၊ ရခိုင်/ဗုဒ္ဓနှင့် မြေပုံမြို့နယ်၊ စံညှင်းကျေးရွာနေ ကျော်စွာ (ဘ)ဦးရွှေလှသိန်း၊ အသက် ၂၈ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ယာဉ်နောက်လိုက်တို့ ၂ ဦး လိုက်ပါလာကာ ခရီးသည်ကျား ၃၀ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၄၅ ဦး တင်ဆောင်လာသည့် ''မာန်သစ္စာ'' ခရီးသည်တင် ယာဉ်အား စစ်ဆေးခဲ့ရာယာဉ်အောက်ဘက်ကုန်ပစ္စည်းများထားသိုသည့်အခန်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက်သယ်ဆောင်လာသည့် ဘင်္ဂါလီ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

ဖမ်းဆီးရမိ ဘင်္ဂါလီများအားမေးမြန်းချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ဆွေမျိုးများမှ စစ်တွေရှိလူပွဲစားတစ်ဦးထံ မလေးရှားရောက်ပါက သိန်း ၃၀ ပေးမည်ဖြစ်ကြောင်း ချိတ်ဆက်ပေးမှုကြောင့် လိုက်ပါလာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိယာဉ်မောင်းဖြစ်သူအား စစ်ဆေးချက်အရ ဘင်္ဂါလီများအား ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဆိုပါ တစ်ဦးလျှင် ၁၁ သိန်းစီ ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ ၎င်းမှသဘောတူခဲ့သဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိ ဘင်္ဂါလီ ၄ ဦးအား လဝကအက်ဥပဒေ-၆(၂)/၆(၃)ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့အား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group