#LocalNews
Published-7 mar 2022

 

ကွန်ဟိန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တောင်ကြီး-တာချီလိတ် သွားကားလမ်း၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းပေါင်းနွံခမ်း(ခ)ခမ်းဟန်စင့် (၃၀)နှစ် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ထပ်မံ၍ သတင်းကွင်းဆက်အရ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-တာချီလိတ် သွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၈၄)အနီး၊ ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် NISSAN DIESEL ၁၂ ဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၀၀ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်းအိုက်စ်(မက်သ်အဖက်တမင်း) ၅၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

 

ymg/hm
#Yangon_Media_Group