#Local_Health
Published_ 4 Mar 2022

 

မြန်မာနိုင်ငံ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီစိစစ်ပြီး ကိုက်ညီမှုရှိသော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို လိုင်စင်ထုတ်ပေးလျက်ရှိရာ ပုဂ္ဂလိကဆေးရုံ ၂၅၉ ရုံအား လုပ်ငန်းလိုင်စင်များခွင့်ပြုထား ပြီးဖြစ်ကြောင်း သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း ဒသမအကြိမ်နှစ်ပတ်လည် အထွေထွေမျက်နှာစုံညီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် စတုတ္ထလှိုင်း တို့တွင် ပုဂ္ဂလိကကဏ္ဍမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ လူအင်အားများကို ကူညီပံ့ပိုးပေးခဲ့သည့်အတွက်လည်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးလုပ်ငန်း၊ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ Test & Care ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ စိစစ်ခွင့်ပြုလျက်ရှိနေတယ်လို့ ဝန်ကြီးကဆိုပါတယ်။

 

ကိုဗစ်-၁၉ Test & Care အတွက် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများ ၃၉ ခုရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း ၃၆ ခုကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

ymg_mnn
#Yangon_Media_Group