#LocalNews
Published -1 March 2022
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မှုသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်ရှိ မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်အား မတ်လ ၁၆ ရက်နေ့ တွင် ကျင်းပမယ်လို့ နတ်တလူသာသနာပြုစခန်းကသိရပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားရဲ့သီလရိပ်သို့ ခိုဝင်လျက်ကပင် မကောင်းမှုကို လွှင့်နှင်ရန်၊ သမာဓိရိပ်သို့ ခိုဝင်လျက်ကပင် ကောင်းမှုကို ပင့်တင်ရန်၊ ပညာရိပ်သို့ ခိုဝင်လျက်ကပင် စိတ်ဓာတ်ကို မြှင့်တင်ရန်အလိုငှာ ပင့်သံဃာ (၁၀၈) ပါးတိုအား ဒါနဝတ္ထုအစုစုတိုနှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်တလူသာသနာပြုစခန်းတွင်၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့ နံနက် ၈ နာရီအချိန်တွင် ဒါနဝတ္ထုအစုစုတို့ နဲ့ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွား မှာဖြစ်သလို နံနက် ၅ နာရီမှ နေ့ ၁၂ နာရီအထိ စတုဒိသာများနဲ့ ကျွေးမွေးဧည့်ခံသွားမယ်လို့ သိရပါတယ်။

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မတ်လ ၁၃ရက်မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို ၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားတပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည် ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့ အား သိရှိစေရန် ကြေညာထားပါတယ်။

ymg/hm
#Yangon_Media_Group