#LocalNews
Published - 19 Feb 2022

 

တပ်ကုန်းမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုပို့ဆောင်ရန်အတွက် သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွားကားလမ်း၊ ကင်းသာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ ထိန်လင်းအောင်(၂၄)နှစ် မောင်းနှင်ပြီး မောင်မောင်(၆၅)နှစ် လိုက်ပါလာတဲ့ GRAND MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ ညနေ ၄ နာရီအချိန် ပင်လောင်းမြို့နယ်၊ ရေဆိုးကျေးရွာဘုရားအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှ(၅၆)နှစ်အား ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

 

ymg/hm
#Yangon_Media_Group