Published 9 Feb 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသရဲ့ဥတုဇရုပ်ကလာပ်တော်ဟာ

မြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်ဖို့ မြန်မာအမျိုးသားလေကြောင်းပိုင်စင်းလုံးငှား

လေယာဉ်အတွင်း ရောက်ရှိခဲ့ပါတယ်၊

လေယာဉ်ဟာ ဒီကနေ့ မနက်၅နာရီခွဲမှာ ရန်ကုန်လေဆိပ်မှထွက်ခွာခဲ့တာဖြစ်ပြီး

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို မနက်(၇)နာရီခွဲခန့်မှာရောက်ရှိခဲ့ပါတယ်။

ဆရာတော်ရဲ့ တပည့်ရဟန်းသံဃာတော်များ၊ဒါယကာ၊ဒါယိကာမများက ဆရာတော်ရဲ့ ဥတုဇရုပ်ကလပ်တော်ကို မုံရွာမြို့သို့ တိုက်ရိုက်သယ်ဆောင်လာတာဖြစ်ပါတယ်။

မုံရွာမြို့ကို ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ဟာ မနက်၁၁နာရီခွဲခန့်ရောက်ရှိရန် ခရီးစဉ်မှာ လျာထားပါတယ်။

ဆရာတော်ဟာထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန် နဲ့သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မစံတော်ချိန်

ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။