#LocalNews
Published - 19 Jan 2022
အမှိုက်ပုံးထဲတွင် ထောင်ထားတဲ့မိုင်း ပေါက်ကွဲပြီးအမှိုက်လာပစ်သူ (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဒီက နေ့(ဇန်နဝါရီ ၁၉)ရက်၊ နံနက်ပိုင်းအချိန်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့ မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်(၆)နာရီခွဲဝန်းကျင်တွင် ကျိုက်မရောမြို့ ၊ ဘောလုံးကွင်းအနောက်လမ်းထောင့် ပင်လုံလမ်းဆုံ အနီး အမှိုက်ပုံးထဲ ထောင်ထားတဲ့ မိုင်းကြောင့် အမှိုက်လာပစ်သူ (၈)နှစ်အရွယ် မိန်းကလေးတစ်ဦး မျက်နှာတစ်ခြမ်း ပြင်းထန် ဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့သူ ကလေးငယ်အား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ လူမှုကူညီ ရေးအဖွဲ့ တွေက သူမ၏ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ကုသမှုခံယူစေခဲ့သော်လည်း ရရှိသောဒဏ်ရာမှာ ပြင်းထန်ခဲ့သည့် အတွက် ဆေးကုသမှု ခံယူနေစဉ်နေ့လည် ၁၁ နာရီမှာပင်ကလေးငယ်ဟာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
"ကျိုက်မရောပင်လုံလမ်းထဲမှာ မိုင်းထောင်ထားတာလို့ သိရတယ်။ က လေးက အမှိုက်လာပစ်တဲ့အချိန်မှာ မိုင်းကကွဲသွားတာပါ။ ကလေးက ၈ နှစ်အရွယ်ရှိ တဲ့ မိန်းကလေးငယ်တစ်ဦးပါ။ မိုင်းစ စထိမှန်တဲ့ အချိန်မှာ ကလေးရဲ့ မျက်နှာတစ်ခြမ်းပျက်စီးသွားပြီး လက်သန်းလည်း ပြတ်ထွက်သွားပါတယ်။ အခုတော့ဆေးရုံမှာ ဆေးကုသရင်းနဲ့ ကလေးငယ်က ရရှိဒဏ်ရာနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။"ဟုကျိုက်မရောမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ် ဆေးမှု တွေကို ပြုလုပ်နေတယ်လို့ လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group