#LocalNews

Published - 16 Jan 2022

 

မြန်မာနိုင်ငံသား ၇ ဦးနဲ့ နိုင်ငံခြားသား ၃ ဦးတွင် အိုမီခရွန်ဗီဇပြောင်းပိုးထပ်မံတွေ့ရှိခဲ့သည့်အတွက် ယနေ့( ဇန်နဝါရီ ၁၅)ရက်နေ့အထိ မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့ရှိသူ စုစုပေါင်း ၇၆ ဦးအထိ ရှိလာပြီဖြစ်တယ်လိုh ကျန်းမာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့နှင် ၁၅ ရက်နေ့တို့တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၀) ခုတွင် အတည်ပြုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား ၅ ဦး နိုင်ငံခြားသား (၃) ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှာပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့သိရပါတယ်။ကျန်မြန်မာနိုင်ငံသား ၂ ဦးမှာ ယခင်ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

 

အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွား အလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

YMG/hm

#Yangon_Media_Group