#LocalNews

Published - 19 Nov 2021

မိသားစုအမွေကိစ္စ ရန်ဖြစ်စကားများရာမှ ဓါးခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ယမန် နေ့ တန်ဆောင်တိုင်လပြည့်ည နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖေါင်းကတာ ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"မိသားစုအမွေနဲ့ စကားများရန်ဖြစ်ကြတယ်လို့ သိရပါတယ်။ ဓါးခုတ်မှုကြောင့် သူတို့ဆွေမျိုးမိသားစုတွေထဲက လူ ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနှစ်ဦး ပါတယ်။ ကျန်တာက အမျိုးသား ၃ ဦး ပေါ့။ အဲ့အထဲမှာမှာမှ တစ်ဦးက ညကဘဲ သွေးထွက်လွန်ပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံအရောက်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ကျန်လူနာတွေလည်း ဒဏ်ရာပြင်းထန်တဲ့ အတွက် ကျွန်တော်တို့ညတွင်းချင်းပဲ မုံရွာဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။"လို့ ဆားလင်းကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း ဒဏ်ရာရရှိခဲ့သူ ၄ ဦးကတော့ လက်ရှိမှာ မုံရွာပြည်သူ့ ဆေးရုံကြီးတွင် ဆက်လက်၍ ဆေးကုသမှု ခံယူနေပြီး ၄င်းတို့ထဲတွင် စိုးရိမ်ရလူနာများလည်း ရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့များ ထံမှ သိရှိရပါတယ်။

#Yangon_Media_Group