#LocalNews
Published - 19 Nov 2021
နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်မှာ ကလေး ၁ ဦး ရေကန်အတွင်း ခြေချော်ကြသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်နာ်တောင်ပိုင်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဥ်မှ ာစဝ်စံထွန်းရပ်ကွက် နယ်မြေ (၁၆) ဇလဲလမ်း ကရင်မရေထွက် ဓမ္မာရုံအနီး အကျယ် ၁၈×၃၀ ပေ၊ အနက် ၃၂ ပေခန့်ရှိတဲ့ ဘဘာဝရေထွက်ကန်မှာ မောင်နေယံလင်း အသက် (၉ နှစ်) ဟာ ရေကန်ပေါင်ပေါ်မှာ သူငယ်ချင်း ၂ ဦးနဲ့ ဆော့ကစားရာမှ ခြေချော်ပြီး ရေကန်အတွင်းသို့ ပြုတ်ကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာသို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးနဲ့ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမွန်းလွဲပိုင်း ၁ နာရီ ၃၃ မိနစ်ခန့်မှာ မောင်နေယံလင်း (သေဆုံး) ကို တွေ့ရှိခဲ့ပြီး ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ် နဲ့ ရုပ်အလောင်းကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
photo - Shan State Fire Service Department
#Yangon_Media_Group