Published 18 Nov 2021
နိုဝင်ဘာလ ၁၇ နေ့က တောင်ငူမြို့မှ မန္တလေးသို့မောင်းနှင်
လာသောကုန်ရထားတစ်စင်းမှာလမ်းခုလတ်တွင်နွားအုပ်ကိုဝင်ရောက်တိုက်မိကာ လမ်းချော်တိမ်းမှောက်ပြီး မီးရထားဝန်ထမ်း၂ဦးသေဆုံးခဲ့တယ်လို့ နစကရဲ့ သတင်း
ထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
ကုန်ရထားတစ်စင်းမိုင်းဆွဲတိုက်ခိုက်ခံရဟုသတင်းများထွက်ပေါ်နေခဲ့မှုအပေါ်
နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ရာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့
ညနေ ၅နာရီ ၃၀ မိနစ်က တောင်ငူမြို့မှ မန္တလေးသို့မောင်းနှင်လာသော
ကုန်ရထားမှာ ရမည်းသင်းနဲ့ပျော်ဘွယ်ကြား ကျောင်းကုန်း
ကျေးရွာအနီးရထားလမ်းမိုင်တိုင်အမှတ်၂၈၅၊တံတားအမှတ်၅၂၉တွင်
နွားအုပ်ကိုဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖြစ်စဉ်ကြောင့်ရထားလမ်းချော်မှုဖြစ်ပွားခဲ့ပြီး သတင်းအရ
လုံခြုံရေးတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ
မီးရထားဝန်ထမ်း၂ဦးသေဆုံးပြီး၄ဦးဒဏ်ရာရာရရှိကာ
ရထားလမ်းပျက်စီးမှုအား ပြင်ဆင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။