#LocalNews
Published - 18 Nov 2021
မြန်မာဗန်ဒိန်း ဟု နာမည်ကျော်သော ဖိုက်တင်မင်းသားကြီး အောင်ပိုင် ၉၆ ပါးရောဂါဖြင့် နိုဝင်ဘာလ ၁၈ ရက် ၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၂ နာရီခန့် အချိန်က ၎င်း နေထိုင်ရာ တာမွေ မြို့နယ် မေတ္တာညွန့်ရပ်ကွက် နေအိမ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ကြောင်း သိရသည်။
"သူက နဂိုကပဲ တရှောင်ရှောင်နဲ့ နေမကောင်း ဖြစ်နေတာ၊၉၆ ပါး ရောဂါလို့ပဲ ပြောရမှာပေါ့"ဟု သရုပ်ဆောင် နေထူးနိုင်က ရန်ကုန်တိုင်းမ်ကို ပြောသည် ။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ဖိုက်တင်မင်းသားကြီး အောင်ပိုင်မှာ ကျန်းမာရေးချို့တဲ့နေသည့် ပုံပေါက်နေကြောင်း ယင်း၏ လူမှုကွန်ရက်မှ ဓာတ်ပုံများကို ကြည့်၍ ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။
"စိတ်မကောင်းဘူး။ရဲမင်းပိုင်တို့ နဲ့ တွဲဖက်သရုပ်ဆောင်တာတွေ ၊ကျော်ဇောဟိန်းတို့နဲ့ သရုပ်ဆောင်တာတွေကို ကြည့်ဖူးတယ်။ဖိုက်တင်ခန်းတွေကိုတော့ အကြိုက်ဆုံးပဲ၊အခုလို ကွယ်လွန်သွားတော့ စိတ်မကောင်း ဖြစ်ရတယ်" ဟု ယင်း၏ ပရိသတ်တစ်ဦးက ပြောသည်။
Photo-nayhtoonaing fb
#Yangon_Media_Group