#WorldEducation

Published 23 October 2021
တရုတ်နိုင်ငံက အိမ်စာတွေနှင့် ကျူရှင်တွေကြောင့် ကလေးငယ်တွေ ဖိအားနှစ်ခါဖြစ်နေရတာတွေကို ဖြတ်တောက်ပစ်မယ့် ပညာရေးဥပဒေတစ်ရပ်ကို တရုတ်က ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ တရုတ်ဆင်ဟွာသတင်းဌာနကို ကိုးကားပြီး ရိုက်တာက ရေးသားလိုက်ပါတယ်။
ဘေဂျင်းဟာ ဒီနှစ်အတွင်းမှာ ဖခင်အသွင်အုပ်ချုပ်‌ရေးဆန်တဲ့ အလုပ်တွေပိုလုပ်ဆောင်လာပါတယ်။လူငယ်တွေအွန်လိုင်း ဂိမ်းစွဲနေတာတွေ၊ အင်တာနက်ဆယ်လီတွေကို မျက်စေ့မှိတ်ယုံမှတ်ကိုးကွယ်နေတာတွေကို နှိမ်နှင်းမှုတွေလုပ်လာခဲ့ပါတယ်။
ကလေးတွေဟာ ဆိုးသွမ်းတဲ့အပြုအမူတွေ ပြလာရင် ဒါမှမဟုတ် မှုခင်းတွေကျူးလွန်လာရင် မိဘတွေကို အပြစ်ပေးလို့ရမယ့် ဥပဒေတွေကို စဉ်းစားရလိမ့်မယ်လို့ တရုတ်ပါလီမန်ကတနင်္လာနေ့တုန်းကပြောထားပါတယ်။
အပြည့်အစုံမထုတ်ပြန်ရသေးတဲ့ အခုဥပဒေအသစ်မှာ ကလေးတွေအပေါ် ဖိအားနှစ်ခုကျရောက်နေတာတွေ လျှော့ချနိုင်ဖို့ နှင့် ကလေးတွေမှာသင့်တင့်လျောက်ပတ်တဲ့အားချိန်နှင့်လေ့ကျင့်ခန်းလုပ်ချိန်တွေ ရှိနေဖို့ မိဘတွေက တာဝန်ယူချိန်ဆလုပ်ဖို့ အဲဒါတွေအတွက် ဒေသဆိုင်ရာ အစိုးရတွေက တာဝန်ယူရမှာဖြစ်ပါတယ်။ ပြီးတော့ အင်တာနက်ကို အလွန်အကျွံမသုံးဖိဖို့ လည်းပါဝင်ပါသေးတယ်။
ပြီးခဲ့တဲ့လတွေက အရွယ်မရောက်သေးသူတွေကို ဂိမ်းကစားချိန်ကန့်သတ်ပြီး သောကြာ၊စနေနှင့် တနင်္ဂနွေတွေမှာသာ တစ်ရက်ကို တစ်နာရီပဲ ဂိမ်းပေးကစားဖို့ ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့ပါတယ်။
ပြီးတော့ အိမ်စာပေးတာတွေလည်း ဖြတ်တောက်ပစ်ခဲ့ပါတယ်။ စနေ၊တနင်္ဂနွေနှင့်အားလပ်ရက်တွေမှာ အဓိကဘာသာရပ်တွေကို ကျူရှင်ပေးတာတွေကိုလည်း တားမြစ်ခဲ့တာဖြစ်ပါတယ်။
Source : Reuters
#Yangon_Media_Group