Published 17 October 2021
မကွေးတိုင်း၊ ပွင့်ဖြူ မြို့တွင် ယမန်နေ့ အောက်တိုဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရပြီး ရှေးဟောင်းသမိုင်း၀င် ကျောင်းတော်ရာစေတီ၏ထီးတော်မှာလည်းပျက်စီးခဲ့ကြောင်း သိရပါတယ်။
"လေပြင်းတိုက်တဲ့အတွက် ထီးတော်အထက်ပိုင်း မဏ္ဍိုင်က အောက်ကို ကွေးညွှတ်သွားတယ်။ ဇရပ်အချို့အမိုးလန်တာလည်းရှိတယ်။ သစ်ပင်တွေလည်းပြို ၊လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာရှိပါတယ်။"လို့ ကျောင်းတော်ရာ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်တွင် မင်းဘူးခရိုင် အတွင်းရှိ ပွင့်ဖြူမြို့နယ် အတွင်းမှာ လေပြင်းများတိုက်ခတ်ပြီး မိုးကြီးလေထန်ခဲ့ကာ မုန်တိုင်းဒါဏ်ကြောင့် မြစ်ဧရာ အနောက်ဘက်ခြမ်းတွင်သစ်ပင် အတော်များများလဲပြိုခဲ့သလို လျှပ်စစ်မီးများလည်းပြတ်တောက်ခဲ့ကာ နေအိမ် အချို့လည်း အမိုးလန်ပျက်စီးမှုတွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်၊ကျောင်းတော်ရာဒေသရှိ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ထီးတော်အသစ်ကိုလည်း ၂၀၁၉ ခုနှစ်က တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။