#Local_News
Published 08 December 2023

ယခုလတ်တလော လူအများအထူးစိတ်ဝင်စားနေသည့် Miss Grand Myanmar2024 ပြိုင်ပွဲ၏ Preliminary Competition ပြိုင်ပွဲကို ယနေ့ဒီဇင်ဘာလ ၈ ရက်ည(၇)နာရီအချိန်တွင် ရုပ်သံလိုင်း၌တိုက်ရိုက်ကြည့်နိုင်မည်ဖြစ်ပြီး Grand Final ပွဲကြီးကိုတော့ ဒီဇင်ဘာလ ၁၀ ရက်တွင် ရုပ်သံလိုင်းမှ တိုက်ရိုက်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၇ ရက်တွင် Miss Grand Myanmar 2024 အတွက် ဒေသအသီးသီးမှ ကိုယ်စားပြုအလှမယ်များမှ National Costume ဝတ်စုံများဝတ်ဆင်ပြီး National Costume ပြိုင်ပွဲ အခမ်းအနားကိုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမေနံကရိုင်းမယ်တော်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည့် Miss Grand Yangon West ကိုယ်စားပြု ဝင်းသော်ဒ္ဒါ အောင်ယှဉ်ပြိုင်ချိန်တွင် စင်ပေါ်၌ အမေနံကရိုင်းမယ်တော်ဝင်ပူးခဲ့သည့် ဖြစ်စဉ်မျိုးရှိခဲ့သည်ဟု Missosology Myanmarမှထုတ်ပြန်ထားသည့်အတွက် ယင်းဝတ်စုံနှင့် အလှမယ်အပေါ်စိတ်ဝင်စားမှုအထူးမြှင့်တက်လျက်ရှိသလို အလှမယ်များပူးကပ်မှုဗီဒီယိုကလစ်များပေါ်ထွက်လာသည့်အတွက်လည်း ပြိုင်ပွဲကို စိတ်ဝင်စားမှုမြင့်တက်လာကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၈ ရက်တွင် Miss Grand Myanmar 2024 ပြိုင်ပွဲ Preliminary Competitionနှင့် ဒီဇင်ဘာ ၁၂ရက် တနင်္ဂနွေနေ့ ညတွင် ပြုလုပ်မည့် Grand Final ပွဲကိုတော့ Channel 9(TV Channel) နှင့် Channel 9 Myanmar (Facebook Page)များတွင် တစ်ပြိုင်တည်း Live ပြသပေးမည်ဖြစ်ကြောင်း Channel9 ၏ဖော်ပြချက်အရ သိရသည်။

 

#Local_News #Miss Grand Myanmar 2024 #Preliminary Competition #tthl #Yangon_Times