#WorldBotanical
Published 6 July 2022
လန်ဒန်မြို့ ကယူးဂါးဒင်းစ်မှ ပညာရှင်များက ပထမဆုံးဦးဆုံးသော ကမ္ဘာ့အကြီးဆုံး ဧရာမရေပေါ်လီလီပန်းခေါ် ကြာပန်းမျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 6 July 2022
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြဝတီ - မဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ သွားရောက်မယ့် လုပ်သားတွေကို ဇူလိုင်လ ၄ ရက်နေ့ကစပြီး မဲဆောက်ဘက်မှာ ကွာရန်တင်း (၁) ရက် ဝင်ရောက်ရမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 6 July 2022
ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်းကြောင့် အနည်းဆုံးမုန်တိုင်းနှစ်ကြိမ်ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 6 July 2022
၁။ ဇူလိုင်လအတွင်း အနည်းဆုံးမုန်တိုင်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ဟုဆို
၂။ မြန်မာနိုင်ငံမှ ထိုင်းသို့သွားမည့် MOU လုပ်သားများ ကွာရန်တင်းဝင်ရမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာ့အကြီးဆုံး ဧရာမရေပေါ်ကြာပန်းမျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ကြောင်း ကယူးဂါးဒင်းစ်ကြေညာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldEntertainment
Published 5 July 2022
အချစ်ဦးကိုဘယ်တော့မှ မမေ့ဘူးဆိုတဲ့ဆိုရိုးရှိသလို လွန်ခဲ့တဲ့ရာစုနှစ်ဝက်နီးပါးလောက်ကတည်းက ဂစ်တာအခိုးခံလိုက်ရတဲ့ ကနေဒါရော့ခ်ဂီတအကျော်အမော်'ရန်ဒီဘာ့ခ်မန်'ဟာလည်း ကြိုးစားပမ်းစားရှာဖွေရင်း ပရိသတ်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာကြောင့် ပျောက်ဆုံးနေခဲ့တဲ့ဂစ်တာကို ပြန်လည်ပိုင်ဆိုင်သွားခဲ့ပါတယ်။
#Yangon_Media_Group
Published 5 July 2022
တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေပြည်နယ်ရဲ့ ကျင်းမင်း ကျန်ဟဲ လေဆိပ်မှာ လေယာဉ်ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုင်ဘာနှင့်ပြုလုပ်ထားတဲ့ အပေါ့စားလေယာဉ် ZA800 ဟာ တနင်္လာနေ့က ပထမဆုံးအဖြစ် အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ပါတယ်။
လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး တောင်ပံတစ်စုံပါ လေယာဉ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး အပေါ့စားလေယာဉ်တွေထဲမှာ တစ်စီးဖြစ်ပါတယ်။
ဒီလေယာဉ်ကို ဟူပေပြည်နယ်မှာ ဇိုင်ယာအုပ်စုက အမှီအခိုကင်းမဲ့စွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းအားလုံးကို ရာနှုန်းပြည့် ပြည်တွင်းမှာ တည်ဆောက်ထားတာလို့လည်းသိရပါတယ်။
“ ကာဘွန်ဖိုင်ဘာကို အသုံးပြုတဲ့အတွက် လေယာဉ်ရဲ့ အလေးချိန်ကိုလျှော့ချပေးနိုင်တယ်။ ဒါဟာ အတော်အရေးကြီးတယ်။အတိတ်တုန်းက ဒီလိုလေယာဉ်မျိုးတွေကို အလျူမီနီယမ်သတ္တုစပ်နှင့်လုပ်တာ အစိတ်အပိုင်းအကြီးကြီးလုပ်တာမို့ ကုန်ကျစရိတ်တွေမြင့်တက်ကုန်တယ်။ အခု အလျူမီနီယမ်သတ္တုစပ်က ကာဘွန်ဖိုင်ဘာထက်လည်း အားပျော့တာဖြစ်တဲ့အတွက် လေယာဉ်မှာ ဖိုင်ဘာကာဘွန်သုံးတဲ့အတွက် အကျိုးနှစ်ခုရှိပါတယ်။ လေယာဉ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုသာလွန်လာတာဖြစ်တယ်”လို့ ဇိုင်ယာအုပ်စုရဲ့ နည်းပညာရှင်ချုပ် ရွှီးချန်းကပြောပါတယ်။
ဒီလေယာဉ်ကို လေယာဉ်မောင်းသင်တန်း၊ကိုယ်ပိုင်ခရီးသွား၊လေကြောင်းထိန်းနှင့်အခြားလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုမယ်လို့သိရပါတယ်။
Source CCTV+
#Local_News
Published_4 July 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ စက်လှေသမားတွေထဲက သုံးယောက်မှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 920 of 1061