အခုနှစ်ငါးလတာနီးပါးအတွင်း စားအုန်းဆီတစ်ပိဿာ ကို ၇၅၅ကျပ် အထိ ကျဆင်းလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 19 May 2025
#စားအုန်းဆီစျေးကျဆင်း #တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တာတွေကိုပြန်လည်ပြုပြင်နေဆဲဖြစ်တဲ့ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ဒီကနေ့ကနေ့ ဥပုသ်နေ့မှာ ဝင်ရောက်ဖူးမျှော်ခွင့်ပြုထားပြီး အပတ်စဉ်လည်း ဥပုသ်နေ့တိုင်း ဖူးမြှော်ခွင့်ပြုနိုင်ဖို့ဆက်လက် ဆောင်ရွက်နေတယ်လို့ မဟာမုနိဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 19 May 2025
#မဟာမြတ်မုနိဘုရား #ဥပုသ်နေ့တိုင်းဖူးမြှော်နိုင်
#YMG/NN #Yangon_Times
ပထမအကြိမ်အာဆီယံ ဒူးရင်းပွဲတော်ကိုတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူးကျင်းပသွားမှာဖြစ်ရာမြန်မာ့ဒူးရင်းမျိုးတွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 19 May 2025
#အာဆီယံဒူးရင်းပွဲတော် #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/SW #Yangon_Times
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးမှူး၍ ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 May 2025
#Speed_Boatအသုံးပြု #ကယ်ဆယ်ရေးသင်တန်းဖွင့်
#YMG/SW #Yangon_Times
အစ္စရေးလ်ဘက်မှ လပေါင်းများစွာ ပိတ်ဆို့ထားတာကြောင့် ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှု အကြပ်အတည်းပိုဆိုးလာပြီး ဂါဇာမှမိသားစုဝင်တွေဟာ နေ့စဉ်နဲ့အမျှ အစားစားရဖို့ ရုန်းကန်ရှာဖွေနေရပါတယ်။
#World_News
Published 17 May 2025
#အစ္စရေးလ်ဆက်လက်ပိတ်ဆို့ #စားနပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပြတ်လပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 May 2025
၁။ ဒေါ်လာ၃၅သန်းကျော်နှင့် ကျပ်သန် း၃သောင်းကျော်တန်ဖိုးရှိ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခု MIC ခွင့်ပြု
၂။ နိုင်ငံတစ်ဝန်း မေလ၂၀ရက်အထိ နေရာကွက်၍ မိုးကြီးနိုင်
၃။ ဆီစက်ပိုင်ရှင်များကို ကျပ်သိန်းငါးထောင်အထိချေးငွေထုတ်ပေးမည်
၄။ ဂါဇာကမ်းမြောင်ကို အစ္စရေးလ်ဆက်လက်ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပြတ်လပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ လုပ်ပိုင်ခွင့်နဲ့အသုံးပြုခွင့်အတွက်ပေးသွင်းရတဲ့ အာမခံကြေးတွေကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
#Local_News
Published 17 May 2025
#မြေလွတ်မြေရိုင်း #အာမခံကြေးပြင်ဆင်
#YMG/NN #Yangon_Times
Page 86 of 1149