ပြည်ပမှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲတွေနဲ့ကျောက်မျက် ရတနာပြပွဲတွေမှာ ပါဝင်ပြသတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကျောက်မျက်အတုအပတွေ၊ ဖန်စီပစ္စည်းတွေ ပြသပါက Black list စာရင်းသွင်းသွားမှာ ဖြစ်တယ်လို့
သိရပါတယ်။
#Local_News
Published 27 May 2025
#ကျောက်မျက်အတုအပ #Black_list
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက်အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတွေ လူမှုရေးပင်စင် လျှောက်ထားနိုင်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 27 May 2025
#သက်ကြီးဘိုးဘွားများ #လူမှုရေးပင်စင်လျှောက်ထားနိုင်
#YMG/NN #Yangon_Times
ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံကဘိလပ်မြေ(၂၂၅)တန်ကို လှူဒါန်းခဲ့တယ်လို့ ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
#Local_News
Published 27 May 2025
#အိန္ဒိယကဘိလပ်မြေ #၂၂၅တန်လှူဒါန်း
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းက ယာယီရပ်နားခဲ့ရတဲ့ မော်လမြိုင်-ရန်ကုန် ရထား ခရီးစဉ် တွေကို မနက်ဖန်မေ ၂၈ရက်နေ့မှာ ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 27 May 2025
#မော်လမြိုင်-ရန်ကုန် #ရထားပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
အားကစားပစ္စည်းကဏ္ဍမှာ အခွန်တိုးမြင့်လာတာကြောင့် အမေရိကန် အားကစားပစ္စည်းကုမ္ပဏီကြီး Nike က ယင်းတို့ရဲ့ ဖိနပ်များ၊ အဝတ်အစားများ၊ ပစ္စည်းများရဲ့ ဈေးနှုန်းကို မြှင့်တင်ဖို့ စီစဉ်နေကြောင်း CNBC က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြသွားပါတယ်။
#World_Business
Published 26 May 2025
#အခွန်တိုးမြှင့်စည်းကြပ်မှု #Nikeကုမ္ပဏီမှပစ္စည်းများဈေးတက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 May 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းဝန်းကျင်ထပ်မံတက်လာ
၂။ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၆၈၀ကျော် ထုတ်ချေးရန် လျာထား
၃။ စားအုန်းဆီရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းအထက်၌သာရှိနေ
၄။ အခွန်တိုးမြှင့်စည်းကြပ်မှုများကြောင့် နာမည်ကြီးNikeကုမ္ပဏီမှပစ္စည်းများဈေးတက်မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယမန်နေ့ညနေကနေစတင်ပြီး ဇွန်လ၂ရက်နေ့အထိ ဒေသအနှံအပြားမိုးရွာ ပြီး အချိုဒေသတွေမှာ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာကြောင့်သဘာဝဘေး အန္တရာယ်တွေကို သတိပြုကြဖို့ လိုအပ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယမန်နေ့ကထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းမှာ ဖော်ပြထားပါတယ်။
#Local_News
Published 26 May 2025
#အချို့ဒေသ၌မိုးကြီးနိုင် #သဘာဝဘေးများသတိပြု
#YMG/NN #Yangon_Times
Page 80 of 1149