ရန်ကုန်တိုင်းကိုယ်စားပြုမြန်မာ့သိုင်းလက်ရွေးစင်တွေ ရွေးချယ်ဖို့ ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေရာ သိုင်းအားကစားသမား ၃၆၀ကျော် ဝင်ရောက် ယှဉ်ပြိင်နေတယ်လို့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 16 June 2025
#သိုင်းလက်ရွေးစင်ရွေးချယ်ပြိုင်ပွဲ #သိုင်းသမား၃၆၀ကျော်ဝင်ရောက်ယှဉ်ပြိုင်
#YMG/NN #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်တို့ကြောင့် ဇွန် ၁၅ ရက်ညနေမှ ဇွန် ၁၉ ရက်အတွင်း တိုင်းေဒသကြီးနဲ့ ပြည်နယ်အနှံ့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းတစ်ရပ်အနေနဲ့သတိပေးထားပါတယ်။
#Local_News
Published 16 June 2025
#တိုင်းနှင့်ပြည်နယ်အနှံ့ #မိုးသည်းထန်စွာရွာသွန်းနိုင်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် နှစ်လတာအတွင်း နေလှန်းဆား ပိဿာချိန်တစ်သိန်းကျော် ကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို
တင်ပို့ရောင်းချခဲ့တယ်လို့ နေလှမ်းဆားထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ ဆီကသိရပါတယ်။
#Local_News
Published 16 June 2025
#နေလှမ်းဆားထုတ်လုပ်ငန်း #ငပုတောမြို့နယ်
#YMG/NN #Yangon_Times
ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာပြည်ပသို့ဆန်၊ ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃ သန်း တင်ပို့ဖို့ လျာထားပြီး လက်ရှိဘဏ္ဍာနှစ်စောပိုင်းကာလမှာ တန်ချိန်ေလးသိန်းကျော် တင်ပို့ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 16 June 2025
#ဆန်၊ဆန်ကွဲ #ပြည်ပသို့တင်ပို့
#YMG/SW #Yangon_Times
တရုတ်မြို့တော်မှာ ကိုယ်ထည်ပါဝင်တဲ့ ဉာဏ်ရည်တု AI စက်ရုပ်များကို ရည်ရွယ်တဲ့ ကမ္ဘာ့ပထမဆုံး 4S စတိုးကို ဖွင့်လှစ်ရန်စီစဉ်နေကာ တိုင်းပြည်အတွင်း အဆင့်မြင့်စက်ရုပ်များ စီးပွားဖြစ်ထုတ်လုပ်ရန် တွန်းအားပေးလာပါတယ်။
#World_Technology
Published 14 June 2025
#AIစက်ရုပ်များ #4Sစတိုး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 June 2025
၁။ Article 33 ၏ အကြံပြုချက်များအား lLO နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု MGMA ဆို
၂။ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာပါဝင်ယှဉ်ပြိုင်မည်
၃။ ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် အမြင့်ဆုံးဈေးကောင်းရရှိနေ
၄။ AI စက်ရုပ်များအတွက် ကမ္ဘာ့ပထမဆုံး 4S စတိုး ပေကျင်းတောင်ပိုင်း၌ဖွင့်လှစ်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရွှေဈေးစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်အခုရက်ပိုင်းအတွင်း ဈေးကစားသူတွေကို ခေါ်ယူစစ်ဆေးတာတွေပြုလုပ်ခဲ့သလို နာမည်ကြီး
ရွှေဆိုင်အချို့နဲ့ သန့်စင်လုပ်ငန်းတွေကလည်း ရွှေတုံးခဲရောင်းချတာတွေကိုယာယီ ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။
#Local_News
Published 14 June 2025
#အတုံးအခဲရောင်းချမှုယာယီပိတ် #ရွှေဈေးစံချိန်တင်မြင့်တက်
#YMG/NN #Yangon_Times
Page 66 of 1149