နိုင်ငံအဝှမ်း၌ ယမန်နေ့ညနေကနေ ဇူလိုင်၃ရက်နေ့အထိ မိုးထစ်ချုံးရွာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးခြင်းနဲ့အတူ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ ၊မြေပြိုတာအပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့်သတိပြုရှောင်ရှားနိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ညပိုင်းက အထူးမိုးလေဝသသတင်းထုတ်ပြန်ပြီး အသိပေးလာပါတယ်။
#Local_News
Published 28 June 2025
#ဒေသအချို့၌မြေပြိုခြင်း #လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
#YMG/NN #Yangon_Times
တရုတ် AI ပညာရှင်များက AI ကနေ ဒေတာကောက်ယူခြင်းတွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆွေးနွေးခဲ့ကြကာ သုံးစွဲသူ ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေး ပိုမိုမြှင့်တင်ဖို့အတွက် အင်္ဂါနေ့ ဟယ်ဖေမြို့မှပြုလုပ်တဲ့ အင်တာနက်ကွန်ဖရင့်စ်မှာ တောင်းဆိုလိုက်ပါတယ်။
#World_Technology
Published 27 June 2025
#တရုတ်AIပညာရှင် #ဘေးအန္တရာယ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 June 2025
၁။ ကွန်တိန်နာကားငှားရမ်းခများ တိုးမြှင့်မည်
၂။ လူကုန်ကူးမှုများတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုအများဆုံးဖြစ်
၃။ ကျပ်သိန်းလေးသောင်းကျော် တန်ဖိုးရှိမျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည်
၄။ AI အသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်း တရုတ်အင်တာနက်ကွန်ဖရင့်၌ဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကိုကျပ် ၁၈၀ကနေ ၂၈၅ ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 27 June 2025
#စက်သုံးဆီဈေးမြင့်တက် #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ကျပ်သိန်းလေးသောင်းကျော်တန်ဖိုးရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိအောင်ပန်းမြို့မှာ ဆောင်ရွက်သွားမယ်လို့ အောင်ပန်းအာလူးအစုအဖွဲ့က သိရပါတယ်။
#Local_News
Published 27 June 2025
#မျိုးအာလူးအအေးခန်းသိုလှောင်ရုံ #အောင်ပန်းအာလူးအစုအဖွဲ့က
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ လူကုန်ကူးမှု ၆၇ မှုရှိခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့အမှုကအများဆုံး ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 27 June 2025
#တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရ #လူကုန်ကူးမှု
#YMG/SW #Yangon_Times
ရန်ကုန်မြို့တွင်းဆိပ်ကမ်းများနဲ့ သီလဝါဆိပ်ကမ်းတွေမှာ ပြေးဆွဲနေတဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်တွေရဲ့ ငှားရမ်းခနှုန်းထားတွေ ယခုလ၁၆ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2025
#ကွန်တိန်နာကားငှားရမ်းခ #တိုးမြှင့်ကောက်ခံ
#YMG/SW #Yangon_Times
Page 57 of 1149