အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ဟာ လုပ်ငန်းဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်ကမ္ဘာလုံးရှိ ဝန်ထမ်းအင်အားစု ၂.၁ ရာခိုင်နှုန်းရှိတဲ့ အလုပ်နေရာပေါင်း ၄,၈၀၀ ခန့် လျှော့ချသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
#World_News
Published 15 July 2026
#Microsoft
#YMG #Yangon_Times #Yangon_Media_Group
ဟုမ္မလင်းမြို့နဲ့ဖောင်းပြင်မြို့နယ်တို့တွင် ချင်းတွင်းမြစ်ရေနဲ့ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ(၁၅)ရက်၊ မနက်ပိုင်း အချိန်ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 15 July 2026
#ဟုမ္မလင်း_ဖောင်းပြင်_မဒေါက်
#YMG/NN #Yangon_Times
၂၀၂၅-၂၀၂၆ ထောပတ်သီးရာသီချိန်မှာပြည်ပသို့ ထောပတ်သီး တန်ချိန် ၁၂,၀၀၀ ခန့်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
#Local_News
Published 15 July 2026
#ထောပတ်သီး
#YMG/SW #Yangon_Times
ဝါမျိုးစေ့ထုတ်လုပ်ရောင်းချသူတွေ ၊ ဝါစိုက်တောင်သူတွေအနေနဲ့ စပ်မျိုးဝါ F 2 မျိုးစေ့တွေကို ဖြန့်ဖြူးရောင်းချတာနဲ့အသုံးပြုစိုက်ပျိုးတာတွေမပြုလုပ်ကြဖို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 July 2026
#ဝါ
#YMG/NN #Yangon_Times
အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ ခရီးသည်တွေ သယ်ဆောင်လာတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေနဲ့ပတ်သက်ပြီး CEIR စနစ်မှာ မှတ်ပုံတင်ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်ကို CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 15 July 2026
#CEIR #မိုဘိုင်းလက်ကိုင်ဖုန်း
#YMG/SW #Yangon_Times
#Daily_News
Published 15 July 2026
၁။ ပြည်ပသို့ထောပတ်သီးတန်ချိန် ၁၂,၀၀၀ ခန့်တင်ပို့ထား
၂။ စပ်မျိုးဝါ F 2 မျိုးစေ့များ ဖြန့်ဖြူးရောင်းချခြင်းနှင့်စိုက်ပျိုးခြင်းမပြုရန်သတိပေး
၃။ လေဆိပ်အဝင်ခရီးသည်များ သယ်ဆောင်လာသည့် မိုဘိုင်းဖုန်း ၂ လုံးအထိသာ CEIR မှတ်ပုံတင်ဆောင်ရွက်ပေးမည်
၄။ နည်းပညာကုမ္ပဏီကြီးMicrosoft ကမ္ဘာတဝှမ်းမှအလုပ်အကိုင်နေရာပေါင်း(၄,၈၀၀)လျှော့ချမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ကျိန်းကျန်းမြို့ ဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ အဖွဲဝင် ၈ ဦးပါဝင်တဲ့ ကျွမ်းကျင်သူများအဖွဲ့ဟာ သောကြာနေ့မှာ ရောက်ရှိလာခဲ့ကြောင်း၊ ကုမ္ပဏီပိုင်ရှင်အပါအဝင် အခြားတာဝန်ရှိသူများထိန်းသိမ်းထားကြောင်း အာဏာပိုင်များအတည်ပြုပြောကြားခဲ့ပါတယ်။
#Asia_News
Published 14 July 2026
#တရုတ်ဖိနပ်စက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
Page 24 of 1375