#Daily_News
Published 4 January 2025
၁။ ဒီဇင်ဘာအတွင်း ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းကျော်လာရောက်လည်ပတ်
၂။ ကိုးလတာအတွင်း မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နှင့် ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့
၃။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ငါးရက်ကြာ ကျင်းပမည်
၄။ ရာသီဥတုဖောက်ပြန်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဗီယက်နမ်နှင့်ဟွန်ဒူးရပ်စ်တို့၌ကော်ဖီအထွက်နှုန်းကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၄ ဇန်နဝါရီ ၂၀၂၅
ယနေ့လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်ပါဝင်တယ်လို့သိရပါတယ်။ထို့အပြင် ပုဒ်မ ၅၀၅ဖြင့်အကျဉ်းချခံရသူများထဲမှ လူ ၆၀၀ ခန့်လည်းလွတ်မြောက်လာမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။
#knl/ymg
မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးမော်တော်ဆိုင်ကယ်များအတွက် ရောင်းချပေးမည့် စွမ်းအင်ဝန်ကြီးဌာနပိုင်ဓာတ်ဆီဆိုင် (၃)ဆိုင်ကို ယနေ့ဇန်နဝါရီ (၄)ရက်နေ့တွင် နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
#Local_News
Published 4 January 2025
#ပြည်တွင်းထုတ်ဓာတ်ဆီ #စွမ်းအင်ဝန်ကြီးဌာနပိုင်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော် ကျင်းပနေတယ်လို့ သိရပါတယ်။
#Local_News
Published 4 January 2025
#မိုင်းဖုန်းဆရာတော်ကြီး #ဝိဇာတမွေးနေ့ပွဲတော်
#YMG/NN #Yangon_Times
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲတွေကိုနေပြည်တော်ခရိုင်၊ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်းမှာ ဖေဖော်ဝါရီလ ၁၂ရက်ကစတင်ပြီး ငါးရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 4 January 2025
#ပြည်ထောင်စုအဆင့် #MSMEထုတ်ကုန်ပြပွဲ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်ကိုးလတာအတွင်း မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့တယ်လို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သိရပါတယ်။
#Local_News
Published 4 January 2025
#ပိုးသတ်ဆေး #ယူရီးယားမြေဩဇာ
#YMG/NN #Yangon_Times
ငွေတောင်ကမ်းခြေသို့ ဒီဇင်ဘာလအတွင်း ခရီးသွားဧည့်သည်လေးသောင်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်တိုင်းကနေအများဆုံးလာရောက်ခဲ့ကြတယ်လို့ ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 4 January 2025
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်း
#YMG/NN #Yangon_Times
Page 182 of 1151