ချောင်းသာ–ငွေဆောင်ကမ်းခြေသို့လာရောက်ကြသော ဧည့်သည်များအားကမ်းခြေတွင်ရောင်းချနေသော အကင်များနှင့်အစားအစာများကို ဝယ်ယူစားသုံးရာတွင်သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြဖို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 August 2026
#ချောင်းသာ_ငွေဆောင်ကမ်းခြေ
#YMG/NN #Yangon_Times
ပြင်သစ်၊ စပိန်၊ ဂရိတိုလို ဥရောပနိုင်ငံတွေမှာ တောမီးလောင်ကျွမ်းမှုများကို မီးသတ်ဖို့ကြိုးပမ်းအားထုတ်နေကြရာ အများအားဖြင့် ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ခန့်မှန်းခြေ ဆုံးရှုးမှုပမာဏမှာ ယူရို ၃.၁ ဘီလီယံအထိ ရှိနေပါတယ်။
#World_Disaster
Published 15 August 2026
# ဥရောပတောမီးလောင်ကျွမ်း
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခနှုန်းထားတွေကို လာမယ့် စက်တင်ဘာ(၁)ရက်ကစပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သြဂုတ်(၁၄)ရက်မှာ အသိပေးထားပါတယ်။
#Local_News
Published 15 August 2026
#YBS #YRTC
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဇူလိုင်လတစ်လတာအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သိန်းခုနှစ်သောင်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ ဇွန်လနဲ့ နှိုင်းယှဉ်ပါက တန်ချိန်ငါးသောင်းကျော်အထိ လျော့နည်းတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 15 August 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Daily_News
Published 15 August 2026
၁။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုခွင့်ပြု၊ အလုပ်အကိုင် ၃,၃၃၆ နေရာ ဖန်တီးပေးနိုင်မည်
၂။ တစ်လအတွင်းဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခုနှစ်သောင်းကျော်တင်ပို့ထား
၃။ YBS ယာဉ်စီးခနှုန်းထား စက်တင်ဘာ(၁)ရက်မှစ၍တိုးမြှင့်ကောက်ခံမည်
၄။ ယူရိုငွေဘီလီယံနှင့်ချီဆုံးရှုံးထားစေသည့်ဥရောပတောမီးလောင်ကျွမ်းမှုအား မီးငြှိမ်းသတ်ထိန်းချုပ်ထားပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမမှာကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 15 August 2026
#မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
#YMG/SW #Yangon_Times
ဇူလိုင် ၂၈ ရက်နေ့က ဂျပန်နိုင်ငံ ကူမာမိုတိုမြိုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၁ အဆင့်ငလျင်ကြောင့် ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံများ လုပ်ငန်းရပ်ဆိုင်းထားရပါတယ်။
#Asia_Disaster
Published 14 August 2026
#ငလျင် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
Page 13 of 1383