အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ ၂၄နာရီအတွင်း ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသိုဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 26 September 2026
#လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်
#YMG/NN #Yangon_Times
မိုးသည်းထန်မှုကြောင့် တနင်္သာရီတိုင်းရှိ မြို့နယ်အချို့၌ ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နေ၍ ဒေသခံတွေကိုဘေးလွတ်ရာကို ရွေ့ပြောင်းပေးနေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 26 September 2026
#မိုးသည်းထန်စွာရွာသွန်း #တနင်္သာရီတိုင်း
#YMG/NN #Yangon_Times
ကုန်စည်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲနဲ့ သက်တမ်းကုန်ဆုံးရက်စွဲတွေကို Sticker နဲ့ ကပ်ဖော်ပြတာမပြုဘဲ ကုန်စည်ပေါ်မှာတိုက်ရိုက်ရိုက်နှိပ်ခြင်း ဒါမှမဟုတ် ပုံသွင်းခြင်းနဲ့ဖော်ပြရမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ အသိပညာပေးကာလအဖြစ်ဆောင်ရွက်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 26 September 2026
#ကုန်စည်
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရမည်းသင်း၊ ပျော်ဘွယ်နဲ့ သာစည်မြိုနယ်တွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အကျိုးခံစားခွင့်ရှိတဲ့ အိမ်ထောင်စု ၇၂၄ စုကို ပထမအရစ် ငွေသားထောက်ပံ့မှုအဖြစ် ကျပ် ၂၀၈ ဒသမ ၉၅ သန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်။
#Local_News
Published 26 September 2026
#ငလျင် #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
#Daily_News
Published 26 September 2026
၁။ ငလျင်သင့်အိမ်ထောင်စု(၇၂၄)စုကို အသက်မွေးဝမ်းကျောင်း ငွေကျပ် ၂၀၈ သန်းကျော်ထောက်ပံ့
၂။ ကုန်စည်များတွင် ထုတ်လုပ်ရက်နှင့်သက်တမ်းကုန်ဆုံးရက်တိုက်ရိုက်ဖော်ပြရန် အသိပညာပေး
၃။ လေဖိအားနည်းရပ်ဝန်းသည် ၂၄နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများသို့ဖြတ်ကျော်နိုင်
၄။ ကျင်းမိုင်တောင်ပေါ်ရှိရှေးဟောင်းလက်ဖက်ပင်များအား ဒီဂျစ်တယ်မှတ်တမ်းတင်ခြင်းပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်၌ အဆင့်မြင့်နည်းစနစ်များဖြင့် ဥစားကြက်များမွေးမြူပြီးထုတ်လုပ်မှုရဲ့ (၇၀)ရာခိုင်နှုန်းကို တိုင်းဒေသကြီး အတွင်းသို့တင်ပို့ ရောင်းချနေတယ်လို့သိရပါတယ်။
#Local_News
Published 27 September 2026
#ဥစားကြက်
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ အမှတ် ၄၈ အစောင့်အကြပ်တာဝန်ထမ်းဆောင်ရေး ရေယာဉ်အုပ်စုသည် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပါတယ်။
#World_News
Published 25 September 2026
#တရုတ်ရေတပ်ရေယာဉ် #မြန်မာနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
Page 7 of 1401