၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းတန်ချိန် သုံးသန်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 26 May 2026
#ပဲမျိုးစုံ #ပြောင်း_နှမ်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံစက်ဘီးအဖွဲချုပ် (MCF) မှ(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို အားကစား ရေးရာဝန်ကြီးဌာနရဲ့ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှာ ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 26 May 2026
#စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ #MCF
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်း မှာအခု ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီအတွက် ဆီထွက်သီးနှံ တွေဖြစ်တဲ့ မြေပဲ၊နှမ်း၊နေကြာ စိုက်ဧက ၂၄ သိန်းကျော် စိုက်ပျိုးဖို့လျာထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 26 May 2026
#စစ်ကိုင်းတိုင်း #ဆီထွက်သီးနှံ
#YMG/NN #Yangon_Times
ထုတ်ကုန်တစ်ခုတွင် မူပိုင်ခွင့်(၄)ခုဖြင့် အကာအကွယ်ရယူနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိရာ လျှောက်လွှာ ၃၀၀ ကျော်ကို စက်မှုဒီဇိုင်းမှတ်ပုံတင်မူပိုင်ခွင့်လက်မှတ်များ ထုတ်ပေးပြီးဖြစ်တယ်လို့ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ သိရပါတယ်။
#Local_News
Published 26 May 2026
#စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ်
#YMG/SW #Yangon_Times
ကျူးဘားတော်လှန်ရေးခေါင်းဆောင် ရာအူးလ်ကက်စထရိုကို အမေရိကန်အစိုးရ တရားစွဲဆိုမှုများအပေါ် ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ်က ရှုတ်ချလိုက်ပြီး ကျူးဘားပြည်သူတွေဟာ သမိုင်းနဲ့သူရဲကောင်းများအား စော်ကားတဲ့လုပ်ရပ်ကို သည်းခံမှာမဟုတ်ဘူးလို့ အလေးပေးပြောပါတယ်။
#World_Politics
Published 26 May 2026
#ကျူးဘားသမ္မတ #ကျူးဘားတော်လှန်ရေးခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို မေလ၂၅ ရက်ကနေ စတင် ဆောင်ရွက်လက်ခံနေပြီဖြစ်ရာ ကျောင်းသား၊ကျောင်းသူတွေလာရောက်အပ်နှံနေကြပြီလို့သိရပါတယ်။
#Local_News
Published 26 May 2026
#ကျောင်းအပ်
#YMG/NN #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုလိုငွေမဖြစ်စေရေးအတွက် နိုင်ငံတော်က သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနဲ့ အဆိုပါထုတ်ကုန်များကို အများဆုံး ထုတ်လုပ်နေတဲ့ MSMEs လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်ရန် အဓိကထားဆောင်ရွက်နေတယ်လို့အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဦးထွန်းအုံက ပြောပါတယ်။
#Local_News
Published 26 May 2026
#MSMEs
#YMG/SW #Yangon_Times
Page 40 of 1359