ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များကို online စနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်_မော်လမြိုင်_ရန်ကုန်
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကားတွေရပ်နားနိုင်တဲ့နေရာတွေမှာပုဂ္ဂလိကတွေအနေနဲ့ အတားအဆီးတွေချထားလေ့ရှိကြတာကို အသိပညာပေးတာတွေ လုပ်ဆောင်နေသော်လည်းထပ်မံချထားပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်မြို့တော်စည်ပင်သာယာရေး
#YMG/NN #Yangon_Times
ပြည်တွင်း၊ပြည်ပဝယ်လိုအားမြင့်တက်လာတာကြောင့် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ပေါက်ဈေးရှိလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 25 June 2026
#ကုလားအော်ငရုတ်သီး
#YMG/SW #Yangon_Times
သင်္ဘောသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုဖန်တီးပေးတဲ့ Day of the Seafarer 2026 ပွဲကို ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ ရန်ကုန်မြို့ရှိ Wyndham Grand Hotelမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2026
#သင်္ဘောသား #Day_of_the_Seafarer_2026
#YMG/NN #Yangon_Times
#Daily_News
Published 25 June 2026
၁။ မော်လမြိုင်ရထားလက်မှတ်များကို online စနစ်ဖြင့်စတင်ရောင်းချ
၂။ ယာဉ်ရပ်နားနေရာ၌ပုဂ္ဂလိကများမှအတားအဆီးများချထားပါကဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်
၃။ ဝယ်လိုအားမြင့်တက်သည့် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ပေါက်ဈေးရှိလာ
၄။ အမေရိကန်နှင့်နားလည်မှုစာချွန်လွှာသစ်လက်မှတ်ရေးထိုးခဲ့သော်လည်း အီရန်လုံးဝဥဿုံမယုံကြည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်-မြန်မာဆက်ဆံရေးကြား စိုက်ပျိုးရေးကဏ္ဍက အခိုင်မာဆုံးမဏ္ဍိုင်တွေထဲက တစ်ခုဖြစ်လာပြီး ပူးပေါင်းသုတေသနပြုမှုများ၊ ပညာရှင်ဖလှယ်မှုများနဲ့ ကုန်သွယ်ရေးတိုးချဲ့မှုတိုဖြင့် ရှေ့သို့တွန်းအားပေးလျက် ရှိပါတယ်။
#Asia_Business
Published 24 June 2026
#တရုတ်_မြန်မာ
#YMG #Yangon_Times #Yangon_Media_Group
အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလမ်းမီးတွေ ဝယ်ယူပြီး အစားထိုးလဲလှယ်သွားဖို့ ရှိပြီး နှစ်စဉ် ၅ရာခိုင်နှုန်းခန့်ဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။
#Local_News
Published 24 June 2026
#ရန်ကုန် #ဆိုလာလမ်းမီး
#YMG/NN #Yangon_Times
Page 21 of 1358