ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို EV တက္ကစီဖြင့် သွားလာနိုင်တဲ့ ခရီးစဉ်စတင်နေပြီဖြစ်ရာအော်ဒါရရှိတာများနေပြီး တိုးချဲ့ပြေးဆွဲဖို့လည်းရှိတယ်လို့ EV တက်စီ ဝန်ဆောင်မှုကနေ သိရပါတယ်။
#Local_News
Published 13 February 2025
#ရန်ကုန်-မော်လမြိုင်ခရီးစဉ် #EVတက်စီဝန်ဆောင်မှု
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို သွားရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအတွက် တစ်ရက်ကိုနိုင်ငံကူးလက်မှတ် ၅,၀၀၀ ခန့် ထုတ်ပေးနေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ (နေပြည်တော်)က သိရပါတယ်။
#Local_News
Published 13 February 2025
#နိုင်ငံကူးလက်မှတ် #(နေပြည်တော်)
#YMG/NN #Yangon_Times
၁၂ ဖေဖော်ဝါရီ ၂၀၂၅
ဆယ်အိမ်တန်းကမ်းခြေသို့ လာရောက်လည်ပတ်သူတွေ ယခင်ကထက် များလာပါတယ်။ရခိုင်ပြည်နယ်က ငပလီနှင့် ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်လည်ပတ်သူတွေ နည်းပါးလာပြီးနောက် ဆယ်အိမ်တန်းကိုလူအလာများလာတာပါ။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ဆယ်အိမ်တန်းကျေးရွာကို ဖြတ်သန်းပြီး ဆယ်အိမ်တန်း ကျေးရွာနှင့် အလယ်ရွာကျေးရွာကြားတွင် ဆယ်အိမ်တန်းကမ်းခြေတည်ရှိပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ် နှင့် လှိုင်သာယာ တို့မှ မော်တော်ယာဉ်ဖြင့် ဆယ်အိမ်တန်း ကမ်းခြေ သို့ နှစ်နာရီခွဲနှင့် ရောက်ရှိနိုင်ပြီး ကွမ်းခြံကုန်းမြို့ထဲမှ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်၊
#mnm/ymg
တရုတ်နိုင်ငံအမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေး(NIA)က အရှေ့တောင်အာရှ အာဆီယံ ၁၀ နိုင်ငံမှ ဧည့်ခရီးသွားအဖွဲ့များကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ယူနန်ပြည်နယ်ရှိ ဆစ်ဆောင်ပနားထိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရဲ့ နာမည်ကျော်ရှုခင်းနေရာတွေသို့ ဝင်ရောက်ခွင့်ပြုသွားမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
#Asia_Travel
Published 12 February 2025
#တရုတ်ပြည်ယူနန်ရှိဆစ်ဆောင်ပနား #ဗီဇာကင်းလွတ်ခွင့်ရရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 February 2025
၁။ မသန်စွမ်းသူများ ဘဝအမှီခိုကင်းစွာရပ်တည်နိုင်ရေးဆောင်ရွက်ရန်လက်မှတ်ရေးထိုး
၂။ တိုင်းရင်းသားဈေးပွဲတော်နှင့် “သွေးချင်းစုံလင် သနပ်ခါးသဘင်”ပြိုင်ပွဲ ကျင်းပနေ
၃။ ပြည်ပသို့ ဒေါ်လာသန်းတစ်ထောင်ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂သန်းကျော်တင်ပို့ထား
၄။ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ တရုတ်ပြည်ယူနန်ရှိဆစ်ဆောင်ပနားသို့လာရောက်လည်ပတ်ပါက ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ရရှိမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြောက်ဒဂုံမြို့နယ်ရှိ (အကယ်ဒမီ) ရွှေသန့်စင်ခန်းကနေ တစ်ကျပ်သားကို 16.329325 gram စံနှုန်းနဲ့ ဒီဇိုင်းအသစ်ကို ဒီကနေ့မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက သိရပါတယ်။
#Local_News
Published 12 February 2025
#(အကယ်ဒမီ)ရွှေသန့်စင်ခန်း #ဒီဇိုင်းအသစ်စတင်
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ် ၁၀လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေကို အမေရိကန် ဒေါ်လာသန်းတစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ဒသမ၂သန်း ကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 12 February 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 152 of 1151