#Local_News
Published 04 July 2026
■ မျိုးပွားနိုင်သည့် အသက်အရွယ်ရောက်ရှိနေသော အမျိုးသမီး (၈) ယောက်တွင် (၁) ယောက်နှုန်း ဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံး၌ ဖြစ်ပွားသူဦးရေ စုစုပေါင်း သန်း (၁၇၀) ဝန်းကျင် ရှိနေသည့် မျိုးဥအိမ် ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome - PCOS) ရောဂါကို အမည်သစ် ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
■ ယခင်အမည် PCOS (မျိုးဥအိမ် ရေအိတ်တည်ခြင်း) ဆိုသည်မှာ မျိုးဥအိမ်ရေ အိတ် နှင့် သက်ဆိုင်သည့် ရောဂါသက်သက်ဟု နားလည်စေခဲ့သော်လည်း တကယ့်လက်တွေ့ တွင် PCOS ဖြစ်နေသော်လည်း မျိုးဥအိမ်ရေအိတ် လုံးဝမရှိနေနိုင်မျိုးလည်း ဖြစ်နိုင်ခြင်း ကြောင့် PCOS ကို ပိုပြီးတိကျပြည်စုံအောင် ဖော်ပြနိုင်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိုင်းအဝိုင်းမှ အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ (Polyendocrine Metabolic Ovarian Syndrome - PMOS)ဟု အမည်ပြောင်းလဲခေါ်ဆိုရန်အတွက် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ယခုကဲ့သို့အမည်ပြောင်းလဲရသည့် အကြောင်းရင်းမှာ PCOS သည် မျိုးဥအိမ်ရေ အိတ်များ သို့မဟုတ် မျိုးပွားမှုစနစ်ဖြင့်သာ သက်ဆိုင်သည့် အခြေအနေမဟုတ်ဘဲ၊ ဟော်မုန်းမညီမျှမှုများ၊ ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်နှင့် ကိုယ်အလေးချိန်အပြင် ရေရှည်ကျန်းမာ ရေး အခြေအနေများနှင့် လည်း ဆက်စပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ အမည်သစ်ပြောင်းလဲသတ်မှတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများအနေဖြင့် ကျန်းမာရေး အခြေအနေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေပြီး အထူးသဖြင့် အင်ဆူလင်တုံ့ပြန်မှု လျော့နည်းခြင်းကနေ အဝလွန်ခြင်း၊ ဆီးချိုရောဂါအစပျိုးအခြေအနေနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားခြင်းများအပြင်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကဲ့သို့ မကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases) ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း သတိပြုမိစေနိုင်ရန်ဖြစ်ကြောင်း သိရသည်။
■ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏အချက်အလက်များအရ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများနှင့် PMOS (ယခင် PCOS) ဖြစ်ပွားခဲ့ဖူးသည့် မျိုးရိုးရှိသူ အမျိုးသမီးများသည် PMOS ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း ဖော်ပြထားခြင်းကြောင့်PMOS သည် ရောဂါအသစ်တစ်မျိုး မဟုတ်ဘဲ၊ ရောဂါ၏ အခြေအနေကို အမှန်တကယ်ဖြစ်ပေါ်တတ်သည့် သဘောသဘာဝနှင့် ပိုမိုကိုက်ညီစွာ ဖော်ပြနိုင်စေရန်အတွက် ပြောင်းလဲသတ်မှတ်လိုက်သည့် အမည်အသစ်တစ်ခု သာဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)အနေနဲ့
တောင်သူတွေနဲ့ စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်ရိုက်ချိတ်ဆက်ပေးပြီးရာသီပေါ်သီးနှံတွေအတွက် ဈေးကွက်ရှာဖွေပေးလျှက်ရှိတယ်လိံ သိရပါတယ်။
#Local_News
Published 04 July 2026
#MFVP #ရာသီပေါ်သီးနှံ
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ တစ်လီတာ ၂၅၀ ကျပ် ကျော်ဝန်းကျင်ကနေ ၄၀၀ ကျပ်ကျော်အထိဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး
ကော်မတီရဲ့ ဒီကနေ့အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 04 July 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 04 July 2026
၁။ မတ်ပဲဈေးများတက်ရိပ်ရှိလာ
၂။ MFVPက ရာသီပေါ်သီးနှံများအတွက် ဈေးကွက်ချိတ်ဆက်ပေးနေ
၃။ စက်သုံးဆီတစ်လီတာ ၂၅၀ ကျပ်ကျော်ဝန်းကျင်ကနေ ၄၀၀ ကျပ်ကျော်အထိဆက်လက်ကျဆင်း
၄။ ကားအစီးရေ(၁၀,၈၀၀)သယ်ဆောင်နိုင်သောတရုတ်ပြည်၏တတိယမြောက်မော်တော်ယာဉ်တင်သင်္ဘောကြီး ကွမ်ကျိုးမြို့သို့လွှဲပြောင်းပို့ဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 04 July 2026
■ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်ကပြောသည်။
■ ယမာန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဦးမောင်စိန်၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က နေပြည်တော်၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းနှင့် အနီးဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့် စာလွှာ (Memorandum of Intent-MOI) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်းကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း၊
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ယခင်ရေးဆွဲခဲ့သည့် ITD Master Plan၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency -NEDA) ၏ Master Plan နှင့် Japan International Cooperation Agency - JICA Study တို့ကိုအခြေခံ၍ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်မည့် စီမံချက်ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆင့် (၃) ဆင့်ခွဲကာ အကောင်အထည်ဖော်ဆောင်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဖြေကြားထားပါကြောင်းပြောကြားသည်။
■ ထို့အပြင် ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်းကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း၊ ယခုအခါ ရပ်တန့်နေသော တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင်တည်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ အခြားလိုအပ်သော လုပ်ငန်းစဉ်များကိုဆောင်ရွက်နေပြီး စီမံကိန်းအား ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 July 2026
■ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံရှိ သမိုင်းဝင် ထက်လွမ် Pha That Luang စေတီတော်အား ဇူလိုင် ၄ ရက် နံနက်က ဖူးမျှော်ကြည်ညိုကြသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထက်လွမ်စေတီတော်၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။
■ ထက်လွမ်စေတီတော်သည် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်း (Vientiane) မြို့လယ်ခေါင်မှ ရှေ့ဘက် ၄ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။
■ ခရစ်တော်မပေါ်မီ (ဘီစီ ၃ ရာစု) ကတည်းက အာသောကမင်းကြီး စေလွှတ်လိုက်သော သာသနာပြုအဖွဲ့ သည် မြတ်စွာဘုရား၏ ညှပ်ရိုးတော် (ရင်ညွန့်ရိုးတော်) ကို ယခုထက်လွမ်စေတီတည်ရှိရာနေရာ၌ ပထမဆုံး ဌာပနာခဲ့သည်ဟု ယုံကြည်ကြသည်။
■ ယခုမြင်တွေ့ရသည့် ကြီးကျယ်ခမ်းနားသော အသွင်သဏ္ဌာန်ကို ၁၅၆၆ ခုနှစ်တွင် လာအိုဘုရင် ဇေဌာဓိရာဇ် (King Setthathirath) က မြို့တော်ကို လွမ်ပရာဘန်းမှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ သည့်အချိန်တွင် ရွှေရောင်ဝင်းပသော စေတီကြီးအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
■ ထက်လွမ်စေတီတော်သည် လာအိုပြည်သူတို့အတွက် ဘာသာရေးအရသာမက အမျိုးသားရေးအရပါ အလွန်အရေးပါသည်။ ထို့ကြောင့် လာအိုနိုင်ငံ၏ နိုင်ငံတော်တံဆိပ် (National Emblem) နှင့် ငွေစက္ကူများပေါ်တွင် ထက်လွမ်စေတီတော်ပုံကို ဂုဏ်ယူစွာ ရိုက်နှိပ်အသုံးပြုထားသည်ကို တွေ့ကြရသည်။
#Daily_News
Published 03 July 2026
၁။ ငဝန်မြစ်အတွင်း ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြသခြင်းပြုလုပ်
၂။ “သယ်ယူပိုဆောင်ရေး လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများနှင့်အာမခံ” စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအချို့ ၌ မိုးသက်လေပြင်းကျရောက်နိုင်
၄။ တီယန်ကောင်အာကာသစခန်း၌ရှင်ကျိုး-၂၃အာကာသယာဉ်မှုးများ သိပ္ပံနည်းကျစမ်းသပ်မှုအမျိုးမျိုးလုပ်ဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 27 of 2397