#Local_News
Published 30 September 2025
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃ - ၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ေကြာင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
▪️ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ထို့ကြောင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ရာမဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 September 2025
▪️ ယနေ့နံနက်ပိုင်းက အင်အား၄.၉ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ဖောင်းပြင်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ စက်တင်ဘာ ၃၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်ကဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လာမယ့်အောက်တိုဘာလ ၅ ရက်နဲ့ ၆ရက် တို့မှာထားဝယ်မြို့မှာ နှစ်ညဆက်တိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ထားဝယ်ရိုးရာသပိတ်မျှောပွဲ
#YMG/NN #Yangon_Times
မန္တလေးအင်အားပြင်းငလျင်ကြီးမှာ အသက်ရှင်လျှက်လူဦးရေ (၆၅၃) ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 30 September 2025
#မန္တလေးငလျင်ကြီး #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#YMG/NN #Yangon_Times
#Daily_News
Published 30 September 2025
၁။ မန္တလေးငလျင်ကြီး၌ အသက်ရှင်လျှက် လူဦးရေ(၆၅၃)ဦးကိုကယ်ဆယ်နိုင်ခဲ့
၂။ ထားဝယ်ရိုးရာသပိတ်မျှောပွဲ နှစ်ညဆက်တိုက် ကျင်းပမည်
၃။ နယ်စပ်ကုန်သွယ်ရာတွင်လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်းသင်တန်းဖွင့်လှစ်
၄။ တရုတ်ဖူကျန်လေယာဉ်တင်သင်္ဘောနှင့်လေယာဉ်သုံးမျိုးစလုံး ပင်လယ်ပြင်စမ်းသပ်မှုအောင်မြင်စွာပြီးဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Q-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (Min Aung Hlaing) ခင်ဗျာ၊ မြန်မာနဲ့ ကာဇက်စတန်တို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အနာဂတ်ကို ဘယ်လိုမြင်ပါသလဲ။ အလယ်အာရှ (Central Asia) မှာ ပိုမိုကျယ်ပြန့်တဲ့ အပြန်အလှန်ဆက်ဆံရေး အလားအလာတွေကိုရော ဘယ်လို အကဲဖြတ်ပါသလဲ။
SG: မြန်မာနဲ့ ကာဇက်စတန်တို့ရဲ့ သံတမန်ဆက်ဆံရေးဟာ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်လို့ အခုဆို ၂၆ နှစ် ရှိပါပြီ။ ကျွန်တော်တို့နိုင်ငံတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်နေပါတယ်။ ကျွန်တော် ကာဇက်စတန်သမ္မတနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ အလယ်အာရှနဲ့ ယူရေးရှား (Eurasia) ဟာ ကမ္ဘာ့အကြီးဆုံးတိုက်ကြီးရဲ့ ဗဟိုမှာတည်ရှိနေတာကြောင့် ပထဝီနိုင်ငံရေး (geopolitics) မှာ မဟာဗျူဟာမြောက် အရေးပါတဲ့ နယ်မြေ – 'Heart Land' အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီဒေသဟာ မဟာဗျူဟာအရ အရေးပါပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်ခြင်းက အလယ်အာရှမူဘောင်အတွင်းမှာပါ ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကူညီလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
Q-အလယ်အာရှဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး (logistics) အတွက် ပိုမို အရေးပါတဲ့ ဗဟိုချက်မ ဖြစ်လာနေပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနဲ့ ကာဇက်စတန်တို့ ပူးပေါင်းပြီး ဘယ်လို အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ။
SG- အလယ်အာရှဟာ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှကြား အရေးပါတဲ့ သယ်ယူပို့ဆောင်ရေး အချက်အချာအဖြစ် အမြဲရှိခဲ့ပါတယ်။ ဒီနေရာမှာပဲ ဂရိတ်ပိုးလမ်းမကြီး (Great Silk Road)ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေး ကြီးပါတယ်။ ကာဇက်စတန်က အလယ်အာရှမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မြန်မာ နိုင်ငံကလည်း တရုတ်နဲ့ အိန္ဒိယကြားမှာ ဗျူဟာမြောက်တဲ့ နေရာမှာ တည်ရှိပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှကို 'ကုန်းမြေတံတား' (land bridge) အဖြစ် ဆက်သွယ်ပေးထားပါတယ်။ ဒီလို အားသာချက်တွေကို အသုံးပြုပြီး ကျွန်တော်တို့ နိုင်ငံတွေဟာ ပူးပေါင်းဆောင်ရွက်နိုင်မယ်၊ ထုတ်ကုန်တွေ၊ သဘာဝသယံဇာတတွေနဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်နိုင်မယ်၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေနိုင်မယ်လို့ ယုံကြည်ပါတယ်။
Q-မြန်မာရော ကာဇက်စတန်ပါ ဆွေးနွေးမှုနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု (multilateral cooperation) ကိုဖွင့်ပေးထားတဲ့နိုင်ငံများအဖြစ် တက်တက်ကြွကြွ ရပ်တည်နေကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ တန်းတူညီမျှတဲ့ ကမ္ဘာ့အစီအစဉ် (equitable world order) ကို မြှင့်တင်ရာမှာ ကျွန်တော်တို့ နိုင်ငံတွေက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ထင်ပါသလဲ။
SG- ယနေ့ ကမ္ဘာကြီးဟာ ဧကဝင်ရိုးစနစ်(unipolar system) ကနေ ဗဟုဝင်ရိုးစနစ် (multipolar one) ဆီကို ရွေ့လျားနေပါတယ်။ ကျွန်တော်တို့ဟာ မည်သည့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံတည်းအပေါ် မှီခိုအားထားမှု လျှော့ချပြီး မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ရပါမယ်။ ဒါမှသာ ပိုမိုမျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ပြင်ပဖိအားတွေကို တွန်းလှန်နိုင်မှာပါ။ စီးပွားရေးမှာလည်း ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး 'ကမ္ဘာ့အစီအစဉ်သစ်' (new world order) ပေါ်ပေါက်လာနေပါတယ်။ နိုင်ငံငယ်လေးတွေဟာ ပူးပေါင်းဆောင်ရွက်ပြီး မတူညီတဲ့ ဒေသတွေမှာ ကုန်သွယ်မှု တိုးချဲ့ရပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပြီး သူတို့ရဲ့ ပဋိဉာဉ်တွေကို လိုက်နာကာ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာ (sovereignty) ကို လေးစားဖို့ လိုအပ်ပါတယ်။ ဒီနယ်ပယ်မှာ ကျွန်တော်တို့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
Q-ကာဇက်စတန်ကို ယူရေးရှားရဲ့ အဓိက သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ဗဟို (transit and energy hub) အဖြစ် ရှုမြင်ကြပါတယ်။ ကာဇက်စတန်နှင့် ဒေသတစ်ခုလုံးနှင့် ဆက်ဆံရေးမှာ မြန်မာအတွက် အလားအလာအရှိဆုံး ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေက ဘာတွေလဲလို့ ထင်ပါသလဲ။
SG- ကာဇက်စတန်ဟာ သဘာဝသယံဇာတ ကြွယ်ဝပြီး ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို တင်ပို့ကာ သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေး၊ အထူးသဖြင့် ဂျုံ စိုက်ပျိုးရေးကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံကတော့ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တွင်းထွက်သယံဇာတတွေလည်း ရှိပါတယ်။ တရုတ်နဲ့ အိန္ဒိယ နယ်နိမိတ်ချင်း ထိစပ်နေပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှကိုပါ ဆက်သွယ်ပေးထားပါတယ်။
ကျွန်တော်တို့မှာ မြေဩဇာကောင်းတဲ့ မြေ၊ ရေပေါများမှုနဲ့ စိုက်ပျိုးရေးအတွက် သင့်လျော်တဲ့ ရာသီဥတု ရှိပါတယ်။ မြန်မာဟာ ဆန်နဲ့ ပဲအမျိုးမျိုးရဲ့ အကြီးဆုံး တင်ပို့တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာအရှိဆုံး နယ်ပယ်တွေက စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်တို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
Q-စီးပွားရေးနဲ့ နိုင်ငံရေးအပြင်၊ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုကို ခိုင်မာစေဖို့အတွက် မြန်မာနဲ့ အလယ်အာရှနိုင်ငံများအကြား ယဉ်ကျေးမှု၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်သွယ်မှုတွေကို တိုးမြှင့်ဖို့ ဘယ်လောက်အရေးကြီးတယ်လို့ ယူဆပါသလဲ။
SG-မြန်မာနဲ့ အလယ်အာရှနိုင်ငံများအကြား ပညာရေး၊ ယဉ်ကျေးမှုနဲ့ လူသားချင်းစာနာထောက်ထားမှု ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ခြင်းဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံမှာ ရာသီဥတု၊ တည်နေရာ၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးတွေ မတူညီပါဘူး။ ဒီကွာခြားချက်တွေ ပေါင်းစပ်မှုက အားသာချက်တစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းပြီး ခိုင်မာစေဖို့အတွက် အစိုးရအချင်းချင်း ဆက်ဆံရေးသာမကဘဲ ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ တိုးချဲ့ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီကဏ္ဍတွေကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။
သတိရစေလိုတာက ကာဆင်မ်-ဂျိုမာ့တ် တိုကာယက်ဗ် (Kassym-Jomart Tokayev) ဟာ မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ယခင်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြိုဆိုရင်း ကာဆင်မ်-ဂျိုမာ့တ် တိုကာယက်ဗ်က ဗိုလ်ချုပ်မှူးကြီးရဲ့ အာစတာနာ (Astana) အလုပ်ခရီးစဉ်ကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ထူထောင်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
Editor Note:
https://www.inform.kz တွင်ပါရှိသော မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးနှင့် အင်တာဗျူးဆောင်းပါးကို ရုရှားဘာသာမှ မြန်မာဘာသာတို့ တိုက်ရိုက်ဖလှယ်ပြန်ဆိုပါတယ်။
#Local_News
Published 30 September 2025
▪️ ရန်ကုန်မြို့ ၊တာမွေမြို့နယ်၊ သံလမ်းမှတ်တိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၃၀ရက်နေ့၊ မနက်၆ နာရီ၂၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ သံလမ်းမှတ်တိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၆နာရီ ၃၂ မိနစ်အချိန်တွင် (မစိုးရိမ်ရ) လူနာ(၁)ဦးအား ကယ်ထုတ်ပြီးစီးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 183 of 2316