#Local_News
Published_ 15 July 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ဒသမ၃၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၉ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ သန်းနိုင်မောင်းနှင်လာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၉ ကီလို၊ ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 15 July 2022
ဗဟိုဘဏ်မှ ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်းပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူများမှ ရယူထားသည့် ပြည်ပချေးငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသား ဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည် ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် မိမိ၏ customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ချေးငွေ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Repayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ(ender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးရန် ဗဟိုဘဏ်မှ ညွှန်ကြားထားခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 15 June 2022
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင်လ ၁၅ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းအရ တစ်လီတာလျင် ငွေကျပ် ၁၈၀၀ ထပ်မံလျော့ကျခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်း အရသိရသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံနှင့် မော်လမြိုင်မြို့များတွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့ကျဆင်းခဲ့သည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။
HSD (50 ppm)နှင့် HSD (10 ppm)တို့အား တစ်လီတာလျင် ၂၁၉၀ ကျပ် စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့ပြီး စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၃၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်များ ဖြစ်ကြသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 15 July 2022
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့၌ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးများကို လာရောက်ကြမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်း ယူဆောင်ခွင့်မပြုကြောင်း အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှ ကြေညာထားသည်။
ယင်းနေရာ သုံးခုကို လာရောက်သူများသည်လက်ကိုင်ဖုန်းအပါအဝင် ဘောလ်ပင်၊ အလံ ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း၊ ဘူး၊ တုတ်၊ ကော်ပိုက်နှင့် သံပိုက်စသည့် အရာများ ယူဆောင်လာလျင် ဝင်ရောက်ခွင့်မပြုဟု ကြေညာထားကြောင်း သိရသည်။
ဒရုန်းယာဉ်များ ယူဆောင်လွှတ်တင်ခြင်းများ မပြုလုပ်ရန်လည်း အသိပေးကြေညာထားသည်။ ယင်းအပြင် လာရောက်သူများအနေဖြင့် နှာခေါင်းစည်းများ မပျက်မကွက် တပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လက်ဆေးခြင်း၊ လက်သန့်ဆေးသုတ်လိမ်းခြင်းစသဖြင့် ဆောင်ရွက်ပြီးမှ ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
သက်ဆိုင်ရာနေရာများမှာ ကိုယ်အပူချိန်တိုင်းတာမှုအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် ကိုယ်ရေးအချက်အလက်များကို စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရန် လိုအပ်ကြောင်း ကြေညာချက်အရ သိရသည်။
လာရောက်လေ့လာသူများ အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် (၆)ပေခြားပြီး ခွင့်ပြုအရေအတွက် အတိုင်းဝင်ရောက်လေ့လာရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
ယင်းအပြင် သက်ကြီးရွယ်အိုများ၊ နာတာ ရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ လာရောက်ခြင်းမပြုရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပွားလျင် လုံးဝလာရောက်ခြင်းမပြုရန် တားမြစ်ထားကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_15 July 2022
ဇူလိုင်လ၏ ရက်သတ္တ နှစ်ပတ်အတွင်း မလေးရှားထိန်းသိမ်းရေးစခန်းများမှ ပြည်တော်ပြန်ခွင့်ရသူ ၁၈၅ ဦးရှိပြီဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ဇူလိုင်လ ၆ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Pekan Nanas ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၉ ဦး၊ ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၄ဦး၊ဇူလိုင်လ ၁၄ ရက်က လင်ကင်းကန့်နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၇၂ ဦးကို မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မလေးရှားနိုင်ငံ Bukitjali ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၃၀ ဦးကိုလည်း သံရုံးအနေဖြင့် သွားရောက်တွေ့ဆုံ စစ်ဆေးခြင်းက နေရပ်ပြန်နိုင်ရေးအတွက် အားပေးစကားပြော၍ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံထားပြီးသူများသာ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_14 July 2022
လာမယ့် နေကြာစိုက်ရာသီမှာ နေကြာစိုက်ပျိုးတဲ့ ဧကတိုးပြီးတော့ စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 July 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်နေတဲ့အတွက် ဈေးအကျနှေးနေတာဖြစ်တယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1786 of 2111