#LocalNews
Published_ 20 March 2023
ဂျပန်ဖိတ်ခေါ် ယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုကို (၄)ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊အိုကီနာဝါမြို့တွင် မတ်လ ၂၀ ရက်က မြန်မာ ယူ - ၁၇အမျိုး သမီးလက်ရွေးစင်အသင်းနှင့် လာအို ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးများအဖြစ် ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် မနက်ဖြန် မတ်လ ၂၁ ရက်တွင် အဆင့်(၅) နေရာအတွက် ဂျပန်ကလပ် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
အာဆီယံဒေသတွင်းနိုင်ငံများတွင်တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၏ အမည်များကိုအများပြည်သူသိရှိစေရန် အသိပေးကြေငြာသည့်စာရင်းများကို ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အနေ ဖြင့်၂၀၂၃ခုနှစ်ဖေဖော်ဝါရီ(၈)ရက်တွင်စစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ရှိသည့်အတွက် အများပြည်သူသိအောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု စားသုံးသူဦးစီးဌာန၌ဖော်ပြထားသည်၊၊
ယင်းအလှကုန်ပစ္စည်းအများစုသည် မလေးရှား၊အင်ဒိုနီးရှား၊ထိုင်း၊ဘရူနိုင်း၊စင်ကာပူစသည့်နိုင်ငံများတွင်တွေ့ရသောအလှကုန်များဖြစ်ပြီး မာကျူရီအပါအဝင် ဘေးမကင်းသည့်အရာများပါဝင်သောကြောင့် သုံးစွဲရန်မသင့်ကြောင်းမြန်မာFDAမှထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group



#LocalNews
Published_ 20 March 2023
မတ်လ ၂၀ရက်နေ့ကနေ ၂၇ရက်နေ့အထိ စားသုံးဆီတစ်ပိဿာ ၄၅၇၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်နီ ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၁.၃၈၈) သန်း ရရှိထားေကြာင်းကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရသည်။
ကြက်သွန်နီ မက်ထရစ်တန်ချိန် (၉၄,၀၀၀) တန် တင်ပို့ရောင်းချခြင်းမှတဆင့်ကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားခြင်းဖြစ်ပြီး တန်ချိန်အများစုက နယ်စပ်ကုန်သွယ်ရေးကတဆင့် တင်ပို့ရောင်းချခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောသည်။
‘‘ပင်လယ်ရေကြောင်းကနေ မက်ထရစ်တန် (၂,၃၀၀) လောက်ပဲ တင်ပို့ထားပါတယ်။ ကျန်ပမာဏဖြစ်တဲ့ တန်ချိန် (၉၁,၇၀၀) ကိုတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့နိုင်ခဲ့ပါတယ်’’လို့ ပြောသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ စင်ကာပူ၊ ဗီယက်နမ် နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဝယ်ယူမှုအတွက် ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ရောင်းချခဲ့ကြောင်းသိရသည်။
ဘုရင့်နောင်ပွဲရုံတန်း(ရန်ကုန်)ဈေးကွက်အတွင်း လက်ငင်းဈေး ဆိပ်ဖြူ(ပင်လေး) ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ မြင်းခြံရှယ် (သစ်) တစ်ပိဿာ ကျပ် (၁၀၀၀)၊ မြစ်သား(သစ်)ရှယ် တစ်ပိဿာ (၁၇၀၀) ကျပ်၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ တောင်တွင်း(သစ်)ရှယ် တစ်ပိဿာ (၉၅၀) ကျပ် ဈေးရှိနေသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 20 March 2023
ဗြိတိသျှကောင်စီအနေဖြင့် ယခုနှစ်နွေရာသီတွင် မြန်မာကလေးငယ်များအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
အဆိုပါသင်တန်းကို အသက်(၇)နှစ်မှ(၁၅)နှစ်အတွင်း ကလေးငယ်များ တက်ရောက်နိုင်မည်ဖြစ်ကာ ကျောင်းစတင်အပ်နှံနိုင်ပြီဖြစ်ပြီး မတ်လ(၂၉ )ရက်နေ့တွင် အတန်းများ စတင်မည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းနွေရာသီအင်္ဂလိပ်စာသင်တန်းသည် အခြေခံများထက်ကျော်လွန်ပြီး စိတ်ဝင်စားဖွယ်ကောင်းသောသင်ခန်းစာများနှင့် လုပ်ဆောင်မှုများဖြင့် ဖန်တီးထားခြင်းကြောင့် ကလေးများ၏ အင်္ဂလိပ်စာလေ့လာမှု ခရီးစဉ်ကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊
သင်တန်းတက်လိုသူများအနေဖြင့် Levels သုံးခုရှိပြီးသင်ကြားချိန်တစ်ရက်ကို(၂)နာရီ စုစုပေါင်း(၁၆)နာရီသင်ကြားပေးမည်ဖြစ်ကာ သင်တန်းကြေး Course Feesကျပ်၂၉၀၀၀၀ကျသင့်မည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
မတ်လ 20 ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၀၃၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၁၉၃၁ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအ ပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ကိုဗစ်ကာလမှာ မဖွင့်ဖြစ်ခဲ့တဲ့ သင်္ကြန်တွင်းတရားစခန်းတွေကို အခုနှစ်မှာ ပြန်ဖွင့်သွားဖို့ရှိပြီး ရန်ကုန်၊မန္တလေး၊ထိုင်းနိုင်ငံနဲ့ နယ်ဒေသအချို့မှာ ပြန်ဖွင့်သွားဖို့ရှိတယ်လို့ တရားရိပ်သာစခန်းတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
Page 1609 of 2431