ပြောင်းလဲလာတဲ့ အခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်စေဖို့မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ်ရေးဆွဲလျှက်ရှိရာမြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 11 February 2025
#မြန်မာနိုင်ငံကူးလက်မှတ် #နေပြည်တော်
#YMG/SW #Yangon_Times
အခုလ ဒုတိယပတ်(၁၀)ရက်အတွင်းဧရာဝတီ၊ချင်းတွင်းအပါအဝင်မြစ်ရေအတက်အကျများရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ် ။
#Local_News
Published 11 February 2025
#ဧရာဝတီ #ချင်းတွင်း
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တိုရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (၃)ခုမှာအသည်းရောင်အသားဝါဘီရောဂါ စစ်ဆေး၊ ကုသမှုတွေဆောင်ရွက်ပေးသွားဖို့ စီစဉ်လျှက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 11 February 2025
#အသည်းရောင်အသားဝါဘီ #ဗဟိုအမျိုးသမီးဆေးရုံကြီး
#YMG/SW #Yangon_Times
နေပြည်တော်ရင်ပြင်မှာ ကျင်းပလျှက်ရှိတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို မူလကျင်းပမယ့် ရက်ထပ်တစ်ရက်တိုးကာ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ပြပွဲကျင်းပရေးကော်မတီထံမှသိရပါတယ်။
#Local_News
Published 11 February 2025
#MSME #နေပြည်တော်ရင်ပြင်
#YMG/SW #Yangon_Times
#Daily_News
Published 12 February 2025
၁။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ရက်တိုးကျင်းပမည်
၂။ ဗဟိုအမျိုးသမီးဆေးရုံကြီး (၃)ခုတွင်အသည်းရောင်အသားဝါဘီရောဂါ စစ်ဆေး၊ ကုသမှုများဆောင်ရွက်ပေးမည်
၃။ ဧရာဝတီ၊ချင်းတွင်းအပါအဝင်မြစ်ရေအတက်အကျများရှိနိုင်
၄။ ထိုင်းနိုင်ငံရွေးကောက်ပွဲ၌ ဘူမ်ဂျိုင်ထိုင်းပါတီနေရာအများဆုံးရရှိ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 February 2026
▪️ ယမန်နေ့ညကရန်ကင်းရှိ Stone KTV မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီလ၁၁ရက် ည ၂၂ နာရီ၄၃ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ Stone KTV မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရာ ည၂၃နာရီ ၂၉ မိနစ်အချိန် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်း မှ No.3မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၆)ဦးထွက်ခွါ၍ မီးလောင်မှုဖြစ်ပွားရာနေရာတွင် မီးငြိမ်းသတ်ရေးလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့်အတူပူးပေါင်း၍လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 12 February 2025
▪️ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦးအား UEC က ဖေဖော်ဝါရီလ ၁၁ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ( ၈ ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ယင်းတွင် ကချင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၈ ဦး၊ ကယားပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ကရင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ချင်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး ။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၇ ဦးနှင့် ဗိုလ်ကြီး ၁၀ ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၆ ဦးနှင့် ဗိုလ်ကြီး ၆ ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၃ ဦးနှင့် ဗိုလ်ကြီး ၈ ဦး။ မွန်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦးနှင့် ဗိုလ်ကြီး ၂ ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၁၄ ဦး၊ ဗိုလ်ကြီး ၁၁ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၁၅ ဦးနှင့် ဗိုလ်ကြီး ၁၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၆ ဦး၊ ဗိုလ်ကြီး ၁၀ ဦး ဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
Page 144 of 2398