နေပြည်တော်၊ မတ် ၁၀

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း အစိုးရ၏ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ လာမည့် ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြား လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ၅၄.၂၂ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၁၃.၁၄ သန်း လာရောက် မဲပေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။  အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်အစည်းအဝေးများကို ယခု မတ်လအတွင်း စတင်ကျင်းပမည်ဖြစ်ပြီး၊ ဧပြီလတွင် အစိုးရသစ်ထံ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

၅ နှစ်တာ ကာလအတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ: ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။

 ထို့အပြင်    ငြိမ်းချမ်းရေးဆွေးနွေးမှု: NCA လမ်းကြောင်းပေါ်တွင် အခြေခံကာ တိုင်းရင်းသား   လက်နက်   ကိုင်  အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

fiveyears review

ဥပဒေပြင်ဆင်ရေး: ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရရှိလာသော အချက်များကို လာမည့်လွှတ်တော်  တွင် ဆွေးနွေးပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် ယာယီ   သမ္မတက အတည်ပြုပြောကြားသည်။

နိုင်ငံတော်၏ GDP တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးခဲ့ကြောင်းနှင့် ယခင်အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို သင်ခန်းစာယူ၍ ပို့ကုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီဖြစ်ကြောင်းနှင့် ပြည်တွင်းလေဆိပ် ၈ ခုကိုလည်း အဆင့်  မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ မျှော်မှန်းသက်တမ်း တိုးတက်လာသော်လည်း အာဆီယံ ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်နေသေးသဖြင့် ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။  နိုင်ငံတကာ ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွသော မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ ICJ တရာ းရင်ဆိုင်မှုတွင်လည်း ဥပဒေကြောင်းအရ ထိရောက်စွာ ပါဝင်ရင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောင်လာမည့် အစိုးရအနေဖြင့် အခက်အခဲများ မကြုံတွေ့စေရန် မိမိတို့၏ အတွေ့အကြုံများကို စနစ်တကျ မှတ်တမ်းတင် လွှဲပြောင်းပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Knl/ymg