#Local_News
Published 21 August 2025

ယမန်နေ့ည ၁၀နာရီအချိန်ခန့်က သာကေတ၊ ရှုခင်းသာလမ်းမပေါ်တွင်ကွန်တိန်နာကားနှင့် အိမ်စီးကားမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ(၂၀)ရက် ည ၉နာရီ ၄၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်း‌ဒေသကြီး၊သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ Emerald Bays ရှေ့တွင် တစ်ဘက်ယာဥ်ကြောမှ လမ်းအလယ်တုန်းအား ကျော်ထွက်လာသော ကွန်တိန်နာ ကားကြီး နှင့် မျက်နှာချင်းဆိုင်မှလာသော Toyota Caldina အမျိုးအစား ယာဥ်ငယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သို့ YANGON RESCUE ORGANIZATION ရန်ကုန်တိုင်း ပြန်ကြားရေး -၂ နှင့် ရန်ကုန်တိုင်း တွဲဘက်ပြန်ကြားရေး
(သင်္ဃန်းကျွန်းခရိုင်)တို့ ကူညီရန် ရောက်ရှိခဲ့ကြပြီးမိတ်ဖက်အသင်းများလည်း ကူညီရန်ရောက်ရှိကြကြောင်း၊ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ Caldina ယာဥ်မောင်းအား မြေပြင်ပြုစုမှုပြုပေးပြီး "အောင်ရဲသူ" ကူညီကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ပို့ဆောင်‌ပေးခဲ့‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times