#Local_News
Published 30 August 2025
▪️ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါစနေ၊ တနင်္ဂနွေဈေးအား ယခင်နေရာဖြစ်သည့် ရန်ကုန်မြို့ရှိ မြေပဒေဿာကျွန်း၊ ကန်တော်ကြီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆိုင်ခန်းနေရာများအတွက် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။
▪️ " ဒီဈေးမှာလတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ပန်း တွေရောင်းချသွားမှာဖြစ်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
▪️ ဒါအပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် တွေ ပျိုးပင်နဲ့ စိုက်ပျိုးရေးသုံး မြေဩဇာ တွေလည်း ရောင်းချသွားမှာဖြစ်ပါတယ်" ဟု MFVP မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ပြန်လည်ဖွင့်လှစ်မည့် စနေ၊ တနင်္ဂနွေဈေးတွင် ပါဝင်ရောင်းချမည့်ပစ္စည်းများတွင် ပြည်တွင်းထုတ်ကုန်သာ ရောင်းချမည်ပြီးGAP၊ ဩဂဲနစ် လက်မှတ်ရ (သို့မဟုတ်) သဘာဝနည်းနဲ့သာ စိုက်ပျိုးထုတ်လုပ်ထားသည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များသာရောင်းချမည်ဖြစ်ကာ ဓါတုဆေးဝါးများ၊ ဓါတုပိုးသတ်ဆေးများ သုံးစွဲပြီးထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများကို ရောင်းချသွားမည်မဟုတ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times