#Local_News
Published 21 October 2025

▪️ ရိုးမ မာရသွန်ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသွားမည်ဖြစ်‌ကြောင်း Yoma Yangon International Marathon ၏ ထုတ်ပြန်ချက်အရသိရသည်။

▪️ ပါဝင်ဆင်နွှဲသူအများဆုံး အားကစားပွဲတော်တစ်ခု ဖြစ်သည့် ရိုးမ မာရသွန်ပွဲကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် (၉)ကြိမ်မြောက် ကျင်းပမည်ဖြစ်ကာ မန္တလေးမြို့တွင်ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

▪️ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ကို ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရိုးမ - မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ကို ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ (၂၅) ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ပွဲစဥ် (၂)ခုစလုံးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်တွင် စာရင်းစတင်ပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times