#Local_News
Published 21 October 2025
▪️ ရွှေပြည်သာနှင့်လှိုင်သာယာ စက်မှုဇုန်များ၌ မီးလောင်မှုများ ယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၁ ရက်နေ့၊ မနက် ၁၂နာရီ ၃မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာခဲ့ရာ၁၂နာရီ ၁၀ မိနစ် အချိန်က Level 1 ယာဉ် အုပ်စုများထွက်ခွာလျက်ရှိကာ ၁၂နာရီ ၂၇ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ယနေ့မနက်၂ နာရီ၅၀မိနစ် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရာ မနက် ၄နာရီ ၈မိနစ် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ယနေ့မနက် ၁၂နာရီ ၈ မိနစ်အချိန်ခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရပ်ကွက်၊ အုတ်ဖြတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂နာရီ ၁၅ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times