#Local_News
Published 21 January 2025

▪️ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ ဇန်နဝါရီ၂၂ရက်နေ့၊မနက် ၁၀နာရီ ၃၆မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မန္တလေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ ၁၀ နာရီ၄၆ မိနစ်အချိန်တွင်မီးထိန်းခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times