#Local_News
Published 22 January 2026
■ ယနေ့မနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကား(၁)မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဇန်နဝါရီ ၂၂ရက်နေ့၊ မနက် ၇ နာရီ ၅၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅/၇)တွင် ကား(၁)မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိခဲ့ရာ ၈နာရီ ၉မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times