#Local_News
Published 02 October 2025

▪️ ရှေးဟောင်းစာရင်းဝင်အဆောက်အအုံများအဖြစ် မန္တလေးတိုင်းရှိ အဆောက်အအုံ (၆၀) ကျော်ကို ထပ်တိုးသတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကသိရသည်။

▪️ မန္တလေးနှင့်ပြင်ဦးလွင်မြို့နယ်ရှိ လွန်ခဲ့သည့် နှစ်ပေါင်း (၁ဝဝ) ကျော်က တည်ဆောက်ခဲ့သော အဆောက်အအုံ (၆၄) ခုကို ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)
အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးမြို့မှ အဆောက်အအုံ ၃၃ ခု၊ ပြင်ဦးလွင်မှ အဆောက်အအုံ ၃၁ ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် ယခုနှစ်တွင် ထပ်တိုးသတ်မှတ်ခဲ့ကြောငိးသိရသည်။

▪️ အဆိုပါ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများတွင် ပုဂ္ဂလိကပိုင်အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဟိုတယ်ခရီးပိုင်၊ နိုင်ငံပိုင်အဆောက်အအုံများပါဝင်ကြောင်း ၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများအနေဖြင့် ရှေးဟောင်းစာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပါက ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်၏ပံ့ပိုးမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times