#Local_News
Published 2 October 2025
▪️ ကမ္ဘောဇဘဏ်မှ ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများကိုသတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါကဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောငိး အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူ (၆၂)ဦးသည်ကမ္ဘောဇဘဏ်လီမိတက်၏ Quick Access Loan, Personal Loan, Shopper Loan နှင့် Shopper Installment Loan မှ တဆင့် ချေးငွေရယူထားသူများဖြစ်ပြီးထိုသူများသည် ချေးငွေ အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိနေသည့်အတွက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပေးဆပ်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
▪️ သို့ဖြစ်ရာ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သို့ ပေးဆပ်ရန်ရှိသည့် အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှ (၁၄) ရက်အတွင်း နီးစပ်ရာဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန် နှင့် သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆက်လက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times