#Local_News
Published 01 October 2025
▪️ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ် ၌ မီးရောင်စုံအလှများအလှဆင်၍သီတင်းကျွတ်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုသို့ကျင်းပရာတွင် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိအား နိုင်ငံကျော်တေးသံရှင်များဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ယင်းသို့တင်ဆက်ရာတွင် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှတေးသံရှင်များအပြင် DJ ပညာရှင်များဖြစ်သော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN နှင့် MC HULK တို့မှလည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန် Night Bazaar တို့ကိုလည်းစီစဉ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times