#Local_News
Published 1 October 2025
▪️ Narrow Sky အမည်ရှိအနုပညာပြပွဲကိုဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)တွင်အောက်တိုဘာလ၂ရက်မှ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။
▪️ ပြပွဲတွင်ပြသမည့် အနုပညာလက်ရာများမှာ စက္ကူများကို အနုပညာမြောက်စွာ ချိုးခေါက်လှီးဖြတ်ပုံဖော်သော ကိရိဂမိ(Kirigami) ပညာရပ်ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများဖြစ်ပြီး လူသိများသည့်အိုရိဂမိ(Origami)စက္ကူခေါက်ပညာရပ်ကဲ့သို့ပင် ထင်ရှားသည့်ဂျပန်ရိုးရာ အနုပညာ ယဉ်ကျေးမှုတစ်ခု ဖြစ်ကြောင်းသိရသည်။
▪️ တင်ဆက်ပြသမည့်အနုပညာရှင် "ဖြိုးသမိန်" ၏ "Narrow Sky"အနုပညာလက်ရာပြပွဲတွင်ဂျပန်ရိုးရာ Kirigamiနှင့် မြန်မာPapercut ပညာတို့ကိုရောနှောဖန်တီးထားသည့် လက်ရာများလည်းပါဝင်ကြောင်း၊ပြပွဲကိုအောက်တိုဘာလ၂ ရက်မှ ၁၆ရက်ထိ (အပတ်စဉ်တနင်္ဂနွေနှင့်တနင်္လာနေ့များ တွင် မနက် ၉နာရီခွဲမှညနေ၃နာရီခွဲထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times