#Local_News
Published 10 February 2025

▪️ ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်းသားများဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။

▪️ အဆိုပါ ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း(အမှတ်စဉ် ၁၉)အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသားခေါ်ယူနေခြင်းဖြစ်သည်။

▪️ သင်တန်းကို အမှတ်(၂၂၈/၂၄၀)၊ စတုတ္ထထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ် တွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ (တနင်္လာ မှ သောကြာ) အထိ နံနက် ၉ နာရီမှ ညနေ ၄ ရာရီထိသင်ကြားပေးမည်ဖြစ်ပြီးသင်တန်းသားဦးရေ (၅၀) အထိ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့ကြောင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများအနေဖြင့် ၁ လက်မပတ်လည်ဓါတ်ပုံ ၃ ပုံ၊ ဘွဲ့ (သို့) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ တို့နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။

#YMG/NN #Yangon_Times